top of page
  • Facebook
  • YouTube

Add a Title

မက်ဆီရခဲ့တဲ့ စံချိန်အသစ်​တွေ

မက္ကာဘီဟိုင်ဖာနဲ့ပွဲမှာ သွင်းဂိုးတဂိုးရယူနိုင်ခဲ့အပြီး မက်ဆီက စံချိန်သစ်နှစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၈ ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား၊ မတူညီတဲ့အသင်း ၃၉ သင်းကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့

ဂုဏ်ပုဒ်တွေကို ရရှိခဲ့တာပါ။ ရော်နယ်ဒိုက မတူညီတဲ့ကလပ်အသင်း ၃၈ သင်းကို ဂိုးသွင်းထားပြီး မက်ဆီနဲ့ ပူးတွဲရှိနေရာကနေ အခုတော့ မက်ဆီက တသင်းအသာနဲ့ ကျော်ဖြတ်သွားခဲ့ပါပြီ။ ဒီမတူညီတဲ့ ကလပ်အသင်းတွေကို ဂိုးသွင်းနိုင်တဲ့စံချိန်ကို ဒီ

တရာသီလုံး မက်ဆီက ဦးဆောင်တော့မှာပါ။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဝင်ခွင့်မရခဲဲ့လို့ သူ့ကို လိုက်မီမှာမဟုတ်တာကြောင့်ပါပဲ။


ဒီရာသီမှာ သွင်းဂိုးတွေထက် ဖန်တီးမှုတွေပိုလုပ်နေတဲ့ မက်ဆီက သွင်းဂိုးတဂိုးတော့ ပြန်ရယူနိုင်ခဲ့တာပါ။ သူ့ရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးက ၄ ဂိုး ရှိသွားပါပြီ။ နည်းတယ်လို့ ပြောလို့ရပေမယ့် မက်ဆီက ဖန်တီးပေးမှုအပိုင်းကို ပိုပြီးတော့ လုပ်ပြနေတာကို ထည့်

တွက်မယ်ဆိုရင်လည်း တွက်လို့ရပါတယ်။ နေမာနဲ့ ဘတ်ပီတို့အတွက် သူက ဒိုင်ခံဖန်တီးပေးနေတာဖြစ်ပြီး သူကိုယ်တိုင်ဂိုးသွင်းနိုင်မယ့် အခွင့်အရေးမျိုးကိုတော့ ပြန်ရတာ နည်းပါးနေတယ်လို့ ဆိုနိုင်ပါတယ်။ မနေ့ညက ရလိုက်တဲ့စံချိန်တွေက ချန်ပီယံလိဂ်မှာ

သူ့ကို လိုက်မီဖို့အတွက် မလွယ်ကူတဲ့ စံချိန်တွေလည်းဖြစ်ပါတယ်။


ဒီကစားသမားတွေက လူသိများထင်ရှားတဲ့ စံချိန်တွေအပြင် အသေးအဖွဲစံချိန်လေးတွေမှာကအစ အားလုံးလိုက်မမီအောင် လုပ်ပြနေကြတာပါ။ ဆယ်စုနှစ်ပေါင်း ၃၊ ၄ ခုလောက်အထိ တည်တံ့နေမယ့် မှတ်တမ်းမျိုးတွေလည်းဖြစ်ပါတယ်။ အနီးစပ်ဆုံးကျော်ဖြတ်နိုင်မယ့်သူကို

တွက်ကြည့်မယ်ဆိုရင်လည်း လက်ငါးချောင်းတောင်ပြည့်မှာမဟုတ်ပါဘူး။ ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ ဒီလိုစံချိန်တွေကို မက်ဆီနဲ့ ရော်နယ်ဒိုက လုပ်ပြနေတာကိုကြည့်ရင်ပဲ သူတို့တွေ ဘယ်လောက်ထိတောင်မှ ကောင်းမွန်လဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်းပဲ သူတို့ရဲ့ ဘောလုံးတခေတ်ကို ဆယ်စုနှစ်တခုကျော်ကြာ တည်ဆောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။


bottom of page