top of page
  • Facebook
  • YouTube

Add a Title

မက်ဆီကစားတာကိုဘဲဝ​​အောင်ကြည့်ထားပါ

"လီယို ဘောလုံးလောကက အနားယူခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲ၊ သူ ဒီ မြက်ခင်းစိမ်းတွေပေါ်မှာ မရှိတော့ရင်၊ သူ ကစားတာကို နောက်ထပ်ကြည့်ခွင့်မရတော့ဘူးဆိုရင်ဆိုတဲ့ အတွေးတွေက အားလုံးရဲ့ စိတ်ထဲမှာ နေရာယူထားကြမှာပါ၊ ကျနော်တို့

ရော်ဂျာဖက်ဒါရာရဲ့ တင်းနစ်ကစားဟန်ကို သဘောကျခဲ့ကြတယ်မဟုတ်လား၊ ဘာလို့လဲဆိုတော့ သူ ကစားတာကို ကြည့်နေရတာကိုက ကျေနပ်စရာကောင်းနေလို့ပဲ"


"မက်ဆီအနားယူချိန်မှာလည်း ဒီလိုတွေဖြစ်လာမှာပါ၊ ဒီတော့ ကျနော်တို့ အခုအချိန်မှာ လုပ်နိုင်သေးတဲ့ တခုတည်းသောအရာကတော့ မက်ဆီကစားတာကို ကျေနပ်အားရအောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နေဖို့ပဲ၊ သူ့ကို အာဂျင်တီးနားတနိုင်ငံလုံးက

ချစ်ခင်ကြပါတယ်၊ ကျနော်က နည်းပြတယောက်ဖြစ်နေလို့သာ သူ့ကို လေ့ကျင့်ပေးနေရတာပါ၊ ကျနော်လည်း သူ့ပရိသတ်ပဲ၊ ကျနော်လည်း အားလုံးလိုပဲ သူ ကစားတာကိုကြည့်ဖို့ လက်မှတ်ဝယ်နေမှာဖြစ်သလို သူ့နာမည်ရေးထိုးထားတဲ့ ဂျာစီကိုလည်း

ဝယ်ယူနေဦးမှာပါ"


စကာလိုနီကတော့ သူ့ရဲ့ အားအထားရဆုံးကစားသမားနဲ့ပတ်သက်ပြီး အခုလိုပဲပြောသွားခဲ့တာပါ။ မက်ဆီက အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သိပ်မကြာခင်မှာ အနားယူရတော့မယ့် အချိန်ရောက်လာတော့မှာပါ။ သူ့ထက်အရင် ရော်နယ်ဒိုက အနားယူဖွယ်ရှိနေပြီး

GOAT နှစ်ဦးကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို အနားယူတာကို ကြုံရမှာက ဘောလုံးလောကအတွက် တကယ်ဝမ်းနည်းစရာပါပဲ။


သူပြောသလိုမျိုး ဘာတွေဖြစ်လာမလဲဆိုတာကလည်း တွေးကြည့်လို့တောင်မရပါဘူး။ အားလုံးဝမ်းနည်းကြရမယ့် နေ့ဖြစ်လာမှာလည်း သေချာပါတယ်။ ဘောလုံးလောကကို ကိုင်လှုပ်ခဲ့တဲ့ ကစားသမားတဦးက မြက်ခင်းစိမ်းတွေကို ကျောခိုင်းသွားတဲ့အချိန်မှာ

နှမျောတသစိတ်၊ ဝမ်းနည်းစိတ်တွေနဲ့ပဲ ပြည့်လျှံနေရမှာပါ။ ဒီတော့ သူတို့ကစားနေတဲ့ လက်ကျန်အချိန်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်နေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


Recent Posts

See All

စပါးနဲ့ပွဲမပြီးခင်မှာ ကွင်းထဲကထွက်သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ဒီပုံစံကို ရာသီကြိုခြေစမ်းပွဲတုန်းကလည်း သူ လုပ်ဖူးပါတယ်။ အခုတခေါက်ပါ ထပ်လုပ်တယ်ဆိုတာကတော့ တော်တော်လေးလွန်သွ

bottom of page