top of page
  • Facebook
  • YouTube

Add a Title

ဘယ်လိုမှကိုထိန်းမရ​တော့တဲ့ ဟာလန်

ဟာလန်းကတော့ လိဂ်ပွဲ ၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၄ ဂိုးရသွားပါပြီ။ ဟက်ထရစ်က ၃ ကြိမ်ပါဝင်ပြီးတော့ သူ့ရဲ့ ခြေစွမ်းက ကြောက်ခမန်းလိလိပါပဲ။ ညက ယူနိုက်တက်နဲ့ပွဲမှာလည်း ပုံစံမျိုးစုံနဲ့ ဂိုးတွေသွင်းပြခဲ့ပြီး ဒုတိယဂိုးဆိုရင် မရမကလိုက်ပိတ်သွားတာ

ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားကနေ လုပ်ပြသွားခဲ့တာပါ။


ဟက်ထရစ်မှတ်တမ်းမှာဆိုရင်လည်း သူက ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀တလျှောက်လုံးရခဲ့တဲ့ ဟက်ထရစ်အကြိမ်အရေအတွက်ကို လိုက်မီသွားခဲ့တာပါ။ ဘယ်လိုမှကို ရပ်တန့်လို့မရအောင်၊ ထိန်းလို့မရအောင်ကိုဖြစ်နေပြီး ယူနိုက်တက်

ခံစစ်ပိုင်းက မာတီနက်ဇ်လည်း ဘာမှလုပ်မရခဲ့ပါဘူး။ ယူနိုက်တက်မှာ သူ တည်ဆောက်ထားသမျှကို ဟာလန်းက ဖျက်ဆီးပြခဲ့ပြီး စုတ်ပြတ်သတ်အောင်ကို လုပ်သွားခဲ့တာပါ။


ထိချက် ၅ ချက်ပဲရှိရင် ထိချက် ၅ ကြိမ်စလုံးက သွင်းဂိုး ၅ ဂိုးဖြစ်စေရမယ်လို့ ကြွေးကြော်ထားတဲ့အတိုင်းပါပဲ။ ဟာလန်းကတော့ ထိချက်အများစုကို ဂိုးဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ သူ့ကစားပုံက ရိုးရှင်းထိရောက်ပြီး တိုက်စစ်ပိုင်းမှာ သူ တယောက်တည်း

ရှိနေရင်တောင်မှ ပြိုင်ဘက်ခံစစ်တန်းက သူ့ကို ဘယ်လိုမှထိန်းမရခဲ့ပါဘူး။ အသင်းဖော်နဲ့တွဲဖက်ချိန်မှာဆိုရင် ပိုပြီးတော့တောင်မှ ထိန်းရပိုခက်သွားပါတယ်။


ဟာလန်းက သေချာပေါက်ကို ဂိုးသွင်းစံချိန်အများအပြားကို ချိုးဖျက်နိုင်မယ့်သူပဲ။ သူနဲ့ပတ်သက်ပြီး ကျနော်တို့ အများကြီး အံ့အားသင့်နေရဦးမှာလည်း သေချာပါတယ်။ ဒါတောင် ဂွာဒီယိုလာက သူ့ကစားသမားအပေါ် သိပ်ကျေနပ်ခြင်းမရှိသေးပါဘူး။

အသင်းနဲ့ပိုပြီး ပူးပေါင်းကစားစေချင်သေးတယ်လုပ်နေတယ်။ ဟာလန်းက သူ ဘောလုံးထိချက် ၅ ချက်ဆို ၅ ဂိုးသွင်းနိုင်ရမယ်ဆိုပြီး ပြောတာကိုလည်း သူ သဘောမကျဘူးဆိုပြီး လုပ်သေးတယ်။ အသင်းနဲ့ ပိုပြီး ပူးပေါင်းကစားဖို့ပဲ တတွတ်တွတ်ပြောနေရော။ တခါတလေတော့ ဒီလူက နားလည်ရတော်တော်ခက်ပါတယ်။


bottom of page