top of page
  • Facebook
  • YouTube

Add a Title

ဘန်ဇီမာရဲ့​နေ့ ဘန်ဇီမာရဲ့ည

သူနဲ့ထိုက်တန်တဲ့အရာတခု။ ထိုက်တန်တဲ့နေရာတခုမှာ ဘန်ဇီမာရှိနေခဲ့ပါပြီ။ ဒီလိုစင်မြင့်ပေါ်ကို တက်နိုင်ဖို့အတွက် သူ အများကြီးကြိုးစားခဲ့ရ၊ အားထုတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါသွင်းဂိုး ၂၇ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူခဲ့ပြီး

လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့နောက်မှာ ဘန်ဇီမာတယောက် အားလုံးဆီက လက်ခုပ်သံတွေကို ကြားခဲ့ရပါပြီ။ ချန်ပီယံလိဂ်မဲခွဲခဲ့တဲ့ညကဟာ ဘန်ဇီမာရဲ့ နေ့၊ ဘန်ဇီမာရဲ့ ညဖြစ်လာခဲ့ရပါပြီ။


တချိန်က အသင်းဖော်တွေ ဆုတံဆိပ်နဲ့ ဓာတ်ပုံရိုက်နေတာကို လက်ခုပ်တီးအားပေးနေခဲ့ရတဲ့ ပြင်သစ်သားက အခုတော့ သူ့အတွက်လက်ခုပ်သံတွေကို ပြန်ရခဲ့ပါပြီ။ ဘန်ဇီမာအတွက် တကယ်လည်းပဲ ထိုက်တန်ခဲ့ပါတယ်။ UEFA တနှစ်တာအကောင်းဆုံးကစားသမားဆုကို

အငြင်းပွားဖွယ်ရာမရှိ ရယူနိုင်ခဲ့ပြီး သူ့ပရိသတ်တွေကိုလည်း ကျေနပ်နှစ်သိမ့်စေခဲ့ပါတယ်။


ရော်နယ်ဒိုရဲ့ လောင်းရိပ်အောက်မှာ ရှိနေခဲ့ရပြီးတော့ ပေါ်တူဂီသားမရှိချိန်မှာ ရီးရဲလ်မက်ဒရစ်ကို ထမ်းပိုးပေးခဲ့တဲ့ တိုက်စစ်မှူးက သူ့ရဲ့ကစားသမားဘ၀ တဆင့်မြင့်သွားပြီဆိုတာကို ပြီးခဲ့တဲ့ရာသီမှာ ပြသခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ရာသွင်းဂိုးတွေ၊ လှပတဲ့

ကန်ချက်တွေ၊ သွေးအေးအေးနဲ့ အဆုံးသတ်မှုတွေ၊ အရေးကြီးအချိန်မှာ ပင်နယ်တီကို Penaka ကန်ချက်တွေနဲ့ သွင်းယူပြတဲ့အထိ ရင့်ကျက်သန်မာလာခဲ့ပါတယ်။


အဲဒါတွေအားလုံးက ဘန်ဇီမာကို အားလုံးရဲ့အထက်မှာ ရှိနေစေခဲ့တာပါ။ မက်ဆီ၊ ရော်နယ်ဒိုတို့ ခေတ်မှာ သူ့အစွမ်းအစတွေ မီးခဲပြာဖုံးဖြစ်ခဲ့ရသမျှက လေနဲ့အတူပြာတွေလွင့်ပါခဲ့ပြိး မီးခဲကနေ မီးတောက်တခုအသွင်ကို ပြောင်းလာခဲ့ပါတယ်။ အခုဆိုရင် အဲဒိမီးတောာက်က

အလျှံတညီးညီးနဲ့ တောက်လောက်နေဆဲပါ။ ဒီ ပြင်သစ်သားအတွက် တကယ်ကျေနပ်ရပါတယ်။ သူ့အတွက် လက်ခုပ်တီးပေးခဲ့သူတွေထဲမှာလည်း ကိုယ်လည်း တယောက် အပါအဝင်ဖြစ်ခဲ့ရပါပြီ။ 

bottom of page