top of page
  • Facebook
  • YouTube

Add a Title

ပြုတ်​စော်နံလာတဲ့ တူချယ်လ်

ချယ်လ်ဆီးက ဒီရာသီမှာ အခြေအနေတော်တော်ဆိုးနေပါတယ်။ လူကာကူနဲ့ ဝါနာကို ပေးထွက်တယ်၊ စတာလင်ကိုပြန်ခေါ်တယ်။ ခံစစ်ပိုင်းအတွက် ကူလီဘလီနဲ့ ကူကူရယ်လာကို အားဖြည့်ထားပြီး သူတို့လူစာရင်းက အရမ်းကြီးမဆိုးရွားဘူးလို့ပြောလို့ရတယ်။ဒါပေမယ့် အခုတော့ ၂ပွဲတောင် ရှုံးသွားပါပြီ။ ၅ ပွဲကစားပြီးချိန်မှာ ၂ပွဲရှုံးထားတယ်ဆိုတာက တော်တော်လေးကို ဆိုးရွားတယ်လို့ဆိုရမှာပါ။ ညက ဆောက်သမ်တန်ကို ရှုံးအပြီးမှာ တူချယ်လ်က ကစားသမားတွေရဲ့ ခြေစွမ်းမတည်ငြိမ်တာနဲ့ အာရုံစူးစိုက်ဖို့အခက်တွေ့နေတာကို အပြစ်တင်သွားပါတယ်။တကယ်ဆိုရင် အထောင်တိုက်စစ်မှူးတဦးမှမရှိတဲ့ သူ့အသင်းအတွက် တူချယ်လ်ကိုယ်တိုင်လည်း တိုက်စစ်မှူးခေါ်ဖို့ ဝိဝါဒကွဲပြားနေတာပါ။ အခု အော်ဘာမီယန်ကို လိုက်နေပေမယ့် စျေးကွက်က ပိတ်ဖို့နီးနေပါပြီ။ စတာလင်က ဂိုးတွေသွင်းနေပေမယ့်အသင်းရလဒ်ကောင်းဖို့တော့ မလုံလောက်သေးပါဘူး။ ကိုင်ဟာဗက်ဇ်နဲ့ မေဆန်မောင့်က သွင်းဂိုးရော၊ ဖန်တီးမှုပါ မလုပ်နိုင်သေးဘဲဖြစ်နေပြီး အရေးကြုံလာရင် ဂိုးသွင်းပေးနိုင်မယ့်သူ ချယ်လ်ဆီးမှာ ရှားပါးနေပါတယ်။ ဒါက ရော်နယ်ဒိုကို ခေါ်ဖို့ အသင်းဘက်ကညွှန်းပေမယ့် ငြင်းခဲ့တဲ့ တူချယ်လ်ကိုပဲ အပြစ်တင်ရဖို့ဖြစ်လာပါပြီ။ခံစစ်ပိုင်းအတွက် ကူလီဘလီနဲ့ ကူကူရယ်လာအပြင် အခု ဖိုဖန်နာကိုပါ ထပ်ခေါ်ထားပါတယ်။ အဲဒီအတွက် သူတို့ ပေါင်သန်း ၁၄၀ ကျော်အထိ သုံးထားတာပါ။ ဒါပေမယ့် တိုက်စစ်မှူးတော့ ဝယ်မရသေးပါဘူး။ တိုက်စစ်မှူးမဝယ်နိုင်ဘဲ စျေးကွက်ပိတ်သွားရင်တော့ချယ်လ်ဆီးအခြေအနေက ဒီထက်ပိုဆိုးလာတော့မှာပါ။ ဒါဆိုရင် အသင်းတသင်းမှာ အစောပိုင်းအဆင်ပြေသလောက် နောက်ပိုင်းဆိုရင် ရလဒ်တွေဆိုးလာတဲ့ တူချယ်လ်အတွက်လည်း အောင်ဖေညောင်းဖို့ဖြစ်လာမှာသေချာပါတယ်။ အခုတောင်မှ တူချယ်လ်ကပြုတ်စော်နံစပြုလာပါပြီ။ဆောက်သမ်တန်ကတော့ အိမ်ကွင်းမာတဲ့အသင်းပီပီ ချယ်လ်ဆီးကို ဒုက္ခပေးသွားပါတယ်။ ဒီရာသီမှာ ယူနိုက်တက်နဲ့ပွဲကလွဲရင် သူတို့နောက်ကလိုက်ကစားရတဲ့ပွဲတွေမှာ သွင်းဂိုးတွေရော၊ အမှတ်တွေပါ စုဆောင်းနိုင်ခဲ့လို့ ရှုံးနေချိန်ဆိုရင် ကစားပုံပိုကောင်းတဲ့အသင်းတောင်ဖြစ်နေပါသေးတယ်။ တူချယ်လ်တော်တော်လေးစိတ်ပျက်ခဲ့ရတဲ့ပွဲဖြစ်သလို အသင်းအတွက်လည်း စိုးရိမ်နေရပါပြီ။ ပြီးတော့ သူ့အတွက်ပါ သူ စိုးရိမ်နေရတော့မှာပါ။ 

bottom of page