Daily Mail ရဲ့ အဆိုအရ (ယုံကြည်စိတ်ချမှုနည်းပါး) ဟာလန်းက မန်စီးတီးမှာ တပတ်ပေါင် ၉ သိန်းနီးပါးအထိ ရနေပါတယ်တဲ့။ ကစားသမားရဲ့ အခြေခံလုပ်ခလစာက အခြားသောမန်စီးတီးကစားသမားတွေနဲ့ မတိမ်းမယိမ်းဖြစ်နေပေမယ့် သူ့အတွက်ပေးချေရမယ့် ဆုကြေးငွေတွေက အရမ်းများပြားနေပြီး တပတ်ကို ပေါင် ၈၆၅၀၀၀ အထိ ရှိတယ်လို့ ပြောထားပါတယ်။ မယုံနိုင်လောက်စရာ ပမာဏပါပဲ။ ဒီလိုမျိုး များပြားရတဲ့ အကြောင်းရင်းကတော့ ဟာလန်းကို ခေါ်ယူရာမှာ မန်စီးတီးက ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းသာပေးချေခဲ့ရတာက အဓိကအကြောင်းအရင်းဖြစ်နေပါတယ်။ဟာလန်းနဲ့ ဒေါ့မွန်တို့ စာချုပ်ချုပ်ခဲ့တုန်းက သူ့ကို ၂၀၂၂ မှာ ခေါ်ယူချင်တဲ့အသင်းက ယူရိုသန်း ၆၀ နဲ့ ခေါ်ယူနိုင်မယ်ဆိုတဲ့ အချက်ပါဝင်ခဲ့တာပါ။ ဒီတော့ မန်စီးတီးက ချိတ်ဆက်ခဲ့ချိန်မှာ အဲဒီပမာဏအတိုင်းပဲ ပေးချေခဲ့ရပြီး တဖက်မှာတော့ ကစားသမားက သူ့အတွက် အပိုဆုကြေးငွေတွေကို တနင့်တပိုးတောင်းဆိုခဲ့ဟန်ရှိပါတယ်။ မန်စီးတီးကလည်း ဒါကို သဘောတူညီခဲ့ပြီး အခုတော့ ဟာလန်းရဲ့ ဆုကြေးငွေတွေပါပေါင်းမယ်ဆိုရင် ပေါင် ၉ သိန်းနီးပါးဖြစ်နေတာပါ။ကျနော့်အထင်တော့ ဟာလန်းက ဂိုးသွင်းဆုကြေးတွေ တော်တော်လေးတောင်းထားမယ်ထင်တယ်။ ဟက်ထရစ်သွင်းယူနိုင်ရင် ဘယ်လောက်၊ ၁၀ ဂိုးသွင်းနိုင်ရင်ဘယ်လောက်၊ ဂိုး ၂၀ ဆို ဘယ်လောက်ဆိုပြီး အသေးစိတ်ကအစ သူတို့လုပ်ထားမှာပဲ။ ရွိုင်အိုလာနဲ့လက်တွဲခဲ့တာဆိုတော့ ဒီလောက်ထိတော့ သူတို့လုပ်မှာပဲ။ ဂိုးတွေသွင်းလေ ဆုကြေးပိုရလေဖြစ်နေမှာပဲ။ ဒါကြောင့်လည်း လှိမ့်သွင်းနေတာ။ သူ့အတွက်လည်း အကျိုးရှိ၊ မန်စီးတိးကလည်း ဒါမျိုးကတော့ ပေးပျော်တယ်ဖြစ်နေမှာ။သူတို့အတွက် ငွေကြေးကမှုစရာမှ မလိုတာကိုး။ သူ့အသင်းနဲ့ သူ့ကစားသမားကတော့ ဟန်ချက်ညီနေမှာပဲ။ ကိုယ်တွေပရိသတ်တွေကတော့ အဲလောက်ငွေကြေးရတယ်ဆိုရင် မျက်လုံးတွေကိုပြူးလို့။ ကစားသမားတယောက်ရဲ့ တပတ်တာဝင်ငွေက ပေါင် ၁ သန်းနီးပါးအထိကို ကပ်နေပြီ။ တပတ်ကို ၁ပွဲ၊ တခါတလေ ၂ပွဲပေါ့။ အခုကတော့ ၃ရက်ကို ၁ပွဲနှုန်းကန်ပေးနေရတာ။ သူတို့အားထုတ်ရတာလည်း လွယ်တော့မလွယ်ဘူးဆိုပေမယ့် ပြန်ရတဲ့ ငွေကြေးကလည်း နင့်ခနဲပါပဲ။ အားကျဖို့လည်း ကောင်းပါတယ်။
