
ဆီနီဂေါနဲ့အတူ မာနေးက လေ့ကျင့်ခန်းဆင်းဖို့ ပြင်ဆင်နေချိန်မှာ သူ့ကိုအားပေးတဲ့ ပရိသတ်တဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီပရိသတ်က မာနေးနဲ့ တွေ့ချိန်မှာတော့ တော်တော်လေးကို ငိုကြွေးနေခဲ့ပြီး သူသဘောကျတဲ့ တိုက်စစ်မှူးနဲ့ တွေ့ဆုံခဲ့ရတဲ့အပေါ်မှာလည်း ကျေနပ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက်မှာ အဲဒီပရိသတ်က "ဆာဒီယို၊ မင်းကို ငါအရမ်းသဘောကျတယ်၊ မင်းနဲ့တွေ့ခွင့်ရဖို့အတွက် မင်းရွာက လူတွေနဲ့တောင်မှ ငါ အဆက်အသွယ်လုပ်ပြီး ကြိုးစားခဲ့သေးတယ်၊ ဘုရားသခင်က မင်းကို ကျန်းမာပြီး အသက်ရှည်တဲ့ ဘ၀ကို ပေးမှာပါ" လို့ ဆုတောင်းစကားပြောဆိုပြီး မျက်ရည်တွေကျနေခဲ့ပါတယ်။
မာနေးဟာ အဲဒီပရိသတ်ဆီက ဖုန်းနံပါတ်တောင်းထားခဲ့ပြီး လေ့ကျင့်ခန်းဆင်းပြီးချိန်မှာ သူ ပြန်ဆက်သွယ်မယ့်အကြောင်းနဲ့ အကူအညီတွေပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းဆင်းပြီးချိန်မှာလည်း မာနေးက တကယ်ဆက်သွယ်ခဲ့ပြီး ပရိသတ်နဲ့ သူ့မိသားစုအတွက် အကူအညီတွေပေးခဲ့တယ်လို့ သိရပါတယ်။
မာနေးကို ဆီနီဂေါသားတွေ ချစ်ခင်တယ်ဆိုတာ ဒီလိုပြုမူပုံတွေကြောင့်ပါပဲ။ သူ့ဆီက အကူအညီတောင်းလာသူ ဘယ်သူ့ကိုမဆို တွန့်တိုခြင်းမရှိဘဲ တတ်အားသရွေ့ကူညီပေးကမ်းနေခဲ့တာပါ။ သူသာ ဘောလုံးမကန်ရင် သူ့ရွာကလူတွေ ငတ်မွတ်နေမှာလို့
ထုတ်ဖော်ပြောဆိုခဲ့ဖူးတာကို ကြည့်မယ်ဆိုရင် ဒီကစားသမားက ပရိသတ်တွေကို ဘယ်လောက်ပြန်ကြည့်လဲဆိုတာ သိသာနိုင်ပါတယ်။