top of page
  • Facebook
  • YouTube

Add a Title

နိုဘယ်ဆုပေးဖို့တောင် စနောက်ခံရတဲ့ ဆွန်ဟောင်မင်


ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ ချီလီတို့ရဲ့ ခြေစမ်းပွဲမှာ ချီလီကစားသမားနှစ်ယောက် ကွင်းထဲမှာ အချင်းချင်းရန်ဖြစ်နေခဲ့ပါတယ်။ ကွင်းလယ်နားလောက်မှာ သူတို့ရန်ဖြစ်နေခဲ့ပြီး အနီးနားမှာရှိနေတဲ့ ဆွန်ဟောင်မင်က ဖျန်ဖြေပေးခဲ့ရပါတယ်။ နှစ်ယောက်စလုံးကို တဖက်တချက်စီ ဝေးရာကို ဆွန်ဟောင်မင်က တွန်းထုတ်ခဲ့ပြီး ရန်ဆက်မဖြစ်ကြဖို့ကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြင်ကွင်းက လူမှုကွန်ရက်ပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့ပြီး ဆွန်ဟောင်မင်ကိုလည်း ငြိမ်းချမ်းရေးသံတမန်လို့ ချီးကျူးစနောက်နေပါတယ်။ ပရိသတ်တချို့ကတော့ တောင်ကိုရီးယားကို ငြိမ်းချမ်းရေးနိုဘယ်ဆုတောင်ပေးသင့်နေပြီလို့ စနောက်ခဲ့ကြပြီး ဒီအဖြစ်အပျက်ကို မြင်ရတာက နယူးကာဆယ်ကစားသမားဟောင်းဖြစ်တဲ့ ကီအွန်ဒိုင်ယာနဲ့ လီဘောင်ယာတို့ရန်ပွဲကိုတောင် အမှတ်ရမိတယ်လို့ ဆိုကြပါတယ်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပြီးနောက်မှာ ဆွန်ဟောင်မင်ကို စိတ်ဝင်တစားနဲ့ ကြည့်ရှုတဲ့ ပရိသတ်တွေ တိုးမြင့်လာပုံရပါတယ်။ တောင်ကိုရီးယားလေဆိပ်မှာ ပရိသတ်တွေကို သူ ပြုမူဆက်ဆံခဲ့ပုံကလည်း အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပြီး သူ့အပေါ်ပိုပြီးချစ်ခင်အားပေးဖို့ အထောက်အကူပြုခဲ့ပါတယ်။

အခုလိုမျိုး သူ့ကို စနောက်တဲ့အထိ ပရိသတ်တွေက အားပေးနေကြပြီဖြစ်ပြီး အာရှသားအတွက်တော့ ဒီကာလတွေက ပျော်ရွှင်စရာတွေချည်းပါပဲ။ ရွှေဖိနပ်ဆုရတယ်၊ သမ္မတကိုယ်တိုင်က အမြင့်ဆုံးအားကစားဆုချီးမြှင့်တယ်၊ သူသဘောကျတဲ့ နေမာနဲ့ တွေ့ခွင့်ရခဲ့တယ်၊ အခု ပရိသတ်တွေက သူ့ကို ပိုပြီးခင်မင်ရင်းနှီးစွာနဲ့ စနောက်ပြီး အားပေးမှုကိုပါ ရရှိနေခဲ့ပါတယ်။


bottom of page