top of page
  • Facebook
  • YouTube

Add a Title

နိုင်ပွဲဆက်မယ့် ကြိုးကြာနီ​တွေ

ဒီတပတ်ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေ၊ ဂျာမန်နဲ့အီတလီက လိဂ်ဖလားပွဲတွေကစားနေသလို လာလီဂါပွဲတွေလည်း ရှိနေပါတယ်။ ပရိသတ်တွေအတွက် ဆက်တိုက်ကစားနေကြမှာဖြစ်ပြီး ထုံးစံအတိုင်း TBOB ရဲ့ တကွက်ကောင်းရွေးချယ်မှုကလည်း

ဆက်တိုက်လာမှာမို့လို့ စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းချင်ပါတယ်။ ဒီနေ့အတွက် တကွက်ကောင်းရွေးချယ်မှုကိုလည်း ပရီးမီးယားလိဂ်က လီဗာပူးလ် နဲ့ ဝက်စ်ဟမ်းပွဲကို ရွေးချယ်ထားပါတယ်။


လီဗာပူးလ်ကို မန်စီးတီးကိုအနိုင်ရသွားလို့ စိတ်အားတက်ကြွနေမှာပါ။ ဒါပေမယ့် ဂျိုတာ ဒဏ်ရာရသွားလို့ တိုက်စစ်ပိုင်းမှာ အားနည်းလာနိုင်ပါတယ်။ နူနက်ဇ်၊ ဖာမီနိုနဲ့ ဆာလာတို့ပဲ ရှိနေပါတော့တယ်။ သူတို့ရင်ဆိုင်ရမှာကလည်း နောက်ဆုံး ၅ ပွဲဆက်တိုက်

ရှုံးပွဲမရှိထားဘဲ ၄ ပွဲအထိ အနိုင်ရထားခဲ့တဲ့ ဝက်စ်ဟမ်းကိုပါ။ ဒါကြောင့် လီဗာပူးလ်အတွက်တော့ နည်းနည်းတော့ ခက်ခဲမှာသေချာပါတယ်။


ဒါပေမယ့် ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်မှာဆိုရင် အဝေးကွင်းညံ့ဖျင်းနေပြီး နော်တင်ဟမ်ဖောရက်စ်ကိုတောင် အရေးနိမ့်ထားတာပါ။ ဗီလာတသင်းတည်းကိုပဲ အနိုင်ရထားပြီး ၃ပွဲတောင်ရှုံးထားတဲ့မှတ်တမ်းက အန်ဖီးလ်မှာ လီဗာပူးလ်ကို အံတုနိုင်ဖို့တော့ ခက်နေပါလိမ့်မယ်။

လီဗာပူးလ်ကလည်း ဒီရာသီမှာ အိမ်ကွင်းဆိုရင် ရှုံးပွဲမရှိထာပါဘူး။ သတိထားရမှာက သရေကစားထားတဲ့ပွဲတွေပါ။ ပဲလေ့စ်၊ ဘရိုက်တန်တို့ကို သရေကျထားပြီး မာမာထန်ထန်တုံ့ပြန်တဲ့အသင်းဆို သူတို့ အခက်တွေ့တတ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံထားတဲ့ နောက်ဆုံး ၅ ကြိမ်မှာတော့ လီဗာပူးလ်က ၄ပွဲအနိုင်ရခဲ့ပြီး ဝက်စ်ဟမ်းက ၁ ပွဲသာနိုင်ထားပါတယ်။ လီဗာပူးလ်ကွင်းမှာ ၃ ရာသီဆက်တိုက် ဝက်စ်ဟမ်းရှုံးထားပြီး ၂ပွဲကတော့ ဂိုးတွေပြန်သွင်းနိုင်ခဲ့လို့ ဂိုးပေါ်ခဲ့ပါတယ်။ နောက်ဆုံးတွေ့ဆုံမှုကတော့

၁-၀ နဲ့ ပြီးဆုံးထားတာပါ။ ပေါက်ကြေးကိုကြည့်မယ်ဆိုရင် လီဗာပူးလ်က ၁လုံး ၅၀ ရှုံးပေးထားပြီး ၁လုံးအရှုံးထိလည်း ပေါက်နေပါတယ်။ ဂိုးပေါင်းကတော့ ၃လုံးသရေကစဖွင့်ထားပြီး ၃လုံး ၅၀နိုင်ကြေးလည်း ဖွင့်ထားပါတယ်။


သေချာတာကတော့ ဒီပွဲမှာ လီဗာပူးလ် အနိုင်ရမှာဖြစ်ပြီး အပြည့်အ၀နိုင်မလား၊ ပြားရှုံးမလားဆိုတာပါပဲ။ ဝက်စ်ဟမ်းရဲ့ အဝေးကွင်းညံ့ဖျင်းပုံကြောင့် လီဗာပူးလ်က ၁ ဂိုးသွင်းဖို့မခက်လောက်ပါဘူး။ ၂ဂိုးပြတ်၊မပြတ်စဉ်းစားပြိး ရွေးချယ်ရမှာက နည်းနည်းတော့စွန့်စားရာ

ရောက်ပေမယ့် လီဗာပူးလ်ကိုပဲ ရွေးရမှာပါ။ လီဗာပူးလ်ဘော်ဒီပါ။


bottom of page