top of page
  • Facebook
  • YouTube

Add a Title

နိုင်ငံတကာပွဲ​ကောင်း​တွေလာပ

ကလပ်အသင်းပွဲစဉ်တွေ နားထားချိန်မှာတော့ နိုင်ငံတကာခြေစမ်းပွဲတွေနဲ့ နေးရှင်းလိဂ်ပွဲတွေကို ကစားပါတော့မယ်။ ဒါက ကမ္ဘာ့ဖလားအတွက် နောက်ဆုံးအကြိုပြင်ဆင်ဖို့ အသင်းအားလုံးအတွက် အခွင့်အရေးဖြစ်ပြီး ဒီပွဲတွေပြီးရင်တော့ နိုဝင်ဘာလထဲမှာ ကစားမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ဘာနိုင်ငံတကာပွဲမှ ရှိမှာမဟုတ်တော့ပါဘူး။ ကလပ်အသင်းပွဲတွေနဲ့ ကမ္ဘာ့ဖလားပွဲတွေ တိုက်ဆိုင်မှုက ဘောလုံးသမိုင်းမှာ ရှားတောင့်ရှားခဲပါ။ ကာတာရဲ့ ပူပြင်းတဲ့ရာသီဥတုကြောင့် ကမ္ဘာ့ဖလားကို ပုံမှန်ကျင်းပနေတဲ့အချိန်မှာ မလုပ်နိုင်တော့ဘဲ ဘောလုံးပြက္ခဒိန်ပါ ပြင်ဆင်ရေးဆွဲခဲ့ရတာပါ။


အသင်းတိုင်းအတွက်လည်း လာမယ့်ပွဲတွေက ပြင်ဆင်မှုနောက်ဆုံးလုပ်ရမယ့်ပွဲတွေဖြစ်လို့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမှာပါ။ ကာတာကို သွားကြမယ့် အသင်းမှာ ပါဝင်ခွင့်ရမယ့် ကစားသမားတွေကို နောက်ဆုံးအကဲဖြတ်ရမှာဖြစ်ပြီး အကြိတ်အနယ်ကစားကြ၊

နည်းပြမျက်စိကျအောင် ကြိုးစားကြမှာဖြစ်လို့ အကြိတ်အနယ်ရှိမယ်လို့လည်း ယူဆရပါတယ်။ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ ပွဲတွေလည်းပါဝင်နေလို့ ဘောလုံးပရိသတ်တွေအတွက်လည်း ပျင်းရိငြီးငွေ့နေမှာမဟုတ်တာသေချာပါတယ်။ ပြီးတော့ နိုင်ငံတကာပွဲတွေ

ကိုမှ ဆော့ကစားချင်တဲ့ ညီအကိုတွေလည်း TBOB မှာ ကစားလို့ရတယ်ဆိုတာကို သတိပေးလိုက်ပါရစေဦးဗျာ။ ကလပ်ပွဲလား၊ နိုင်ငံတကာပွဲလား၊ ဘယ်ပွဲမဆို TBOB မှာ စိတ်ကြိုက်ဆော့ကစားလို့ရပါတယ်။ ဒါကတော့ ကြော်ငြာပေါ့လေ။ :D


နေးရှင်းလိဂ်မှာဆိုရင် အသင်းကြီးပွဲတွေအနေနဲ့ အီတလီ-အင်္ဂလန်ပွဲ၊ အကြိတ်အနယ်ရှိမှာက ခရိုအေးရှား-ဒိန်းမတ်တို့ရဲ့ ဖျက်မြင်းအသင်းတွေ တွေ့ဆုံပွဲ၊ ခြေတက်နေတဲ့ ပိုလန်နဲ့ ဟော်လန်ပွဲတွေရှိပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ပြင်သစ်ကလည်း ဩစတြီးယားကို ဒီတကြိမ်အနိုင်ကန်ဖို့ အရေးကြီးပွဲကို ကစားရမှာပါ။ ဒီပွဲတွေပြီး နောက်တပတ်မှာဆို ဒိန်းမတ်-ပြင်သစ်၊ ဟော်လန်-ဘယ်လ်ဂျီယံ၊ အင်္ဂလန်-ဂျာမနီ၊ ပေါ်တူဂီ-စပိန်ပွဲတွေလည်း ကစားကြမှာပါ။ ဒီတော့ ဥရောပနေးရှင်းလိဂ်ပွဲတွေက ဖမ်းစားထားဦးမှာ သေချာပါတယ်။


နာမည်ကျော်ဘရာဇီးလ်ကလည်း ဂါနာ၊ တူနီးရှားတို့နဲ့ ခြေစမ်းမှာဖြစ်ပြီး မက်ဆီရဲ့ အာဂျင်တီးနားကတော့ ဟွန်ဒူရပ်စ်၊ ဂျမေကာတို့နဲ့ ကစားသွားမှာပါ။ နေးရှင်းလိဂ်ပွဲတွေက ညနေကနေ တညလုံးရှိမှာဖြစ်ပြီး တောင်အမေရိကအသင်းတွေက မနက်ပိုင်းမှာ

ကစားမှာဆိုတော့ ညီအကိုတို့ အကြိုက်ပါပဲ။ ဆက်တိုက်သာဆွဲပေတော့လို့ ပြောပြောပြီး ကစားနေရုံပဲဗျာ။ အပေါ်မှာ ကျနော်ပြောခဲ့သလိုပဲ၊ ကစားသမားတိုင်းက ပါဝင်ခွင့်ရဖို့ကို သူ့ထက်ငါအလုအယက် ခြေစွမ်းပြဖို့ ကြိုးစားမှာဆိုတော့ ပရိသတ်အကြိုက်ပွဲတွေ

ဖြစ်လာမှာလည်း သေချာနေပါတယ်။ ဒီလိုအခွင့်အရေးကိုတော့ လက်လွှတ်မခံသင့်ဘူး။ TBOB နဲ့ ဆက်သွယ်ထားဖို့တော့ လိုမယ်ဗျာ။


ပြီးတော့ အားလုံးအတူတူ ရင်ခုန်ကြတာပေါ့။


bottom of page