စပါးကို အနိုင်ရတဲ့ပွဲက တန်ဟက်ဂျ်ရဲ့ ဒီရာသီအကောင်းဆုံးအသင်းကို မြင်လိုက်ရတာပါပဲ။ ကစားကွက် တော်တော်ကောင်းသလို ကစားသမားတဦးချင်းစီရဲ့ ခြေစွမ်းကလည်း အပြစ်ပြောစရာမရှိခဲ့ဘူး။ အဓိကထားပြောရမယ့် ကစားသမား ၃ ဦးရှိပါတယ်။
ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်နဲ့ မာတီနက်+ဗာရန်း ပါ။
ကက်စ်မဲရိုးက တပွဲလုံးမှာ ကွင်းလယ်ခံစစ်ကြောကို ကာဗာလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘောလုံးဆယ်ယူမှုတွေကောင်းခဲ့သလို ကြားဖြတ်လုယူမှုတွေလည်း ကောင်းခဲ့တယ်။ ကက်စ်မဲရိုးကို သဘောကျတာက လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်တတ်တာပဲ။
လိုအပ်ရင် လိုအပ်သလို ပြစ်ဒဏ်ဘောလုပ်ဖို့ဝန်မလေးဘူး။ သူ အဝါထိနိုင်ပေမယ့် ပြိုင်ဘက်တိုက်စစ်ဆင်လာမှုတခုလုံး ပျက်ပြားသွားပြီး ကိုယ့်အသင်းက ပြန်စုစည်းချိန်ကောင်းကောင်းရသွားတာက အမြတ်ပါပဲ။ ညကပွဲမှာ သူ့အဆင့်အတန်းကို ကက်စ်ဲရိုးက
ပြသသွားခဲ့ပြီး တန်ဟက်ဂျ် ပစ်ပယ်ထားလို့မရတော့ဘူးဆိုတာကိုပါ သက်သေပြသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်ကတော့ စပို့တင်းကနေ ပြောင်းရွှေ့လာတုန်းက ခြေစွမ်းကို ပြန်ရခဲ့ပါတယ်။ တကွင်းလုံးအနှံလိုက်ဆော့ပြီး အသင်းတိုက်စစ်ကို သူက မောင်းနှင်ခဲ့တာပါ။ သွင်းဂိုး ၁ ဂိုးရတယ်၊ အခွင့်အလမ်းတွေဖန်တီးပေးနိုင်တယ်၊ ပေးပို့မှုတွေကောင်းခဲ့ပါတယ်။
ကက်စ်မဲရိုးနဲ့ ဖရက်ဒ်ကြောင့် သူက စိတ်လွတ်ကိုယ်လွတ်ကစားနိုင်ခဲ့ပြီး ကွင်းလယ်တိုက်စစ်နေရာစုံကနေ တိုက်စစ်လမ်းကြောင်းတွေ ပွင့်အောင် သူလုပ်ပေးနိုင်ခဲ့ပါတယ်။ စိတ်အားထက်သန်မှုကလည်း အပြည့်ပါပဲ။ စောဒကတက်လွန်းတယ်လို့ ထင်နိုင်စရာ
တချို့ရှိပေမယ့် သူ့ကစားပုံရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြီးပြည့်စုံလွန်းခဲ့ပါတယ်။
မာတီနက်ဇ်နဲ့ဗာရန်းကတော့ ဆွန်နဲ့ ကိန်းအတွဲကို လူပျောက်ကြော်ငြာပါ ထည့်ခိုင်းလိုက်ပါတယ်။ ဆက်တိုက်ခြေစွမ်းပြနေတဲ့ ဟယ်ရီကိန်းတယောက် အပိုင်ကန်သွင်းခွင့် ၁ ကြိမ်လားပဲရခဲ့ပါတယ်။ ဆွန်ဟောင်မင်ကတော့ ပိုဆိုးပါတယ်။ ဘာမှကို မလုပ်ပြနိုင်ခဲ့ပါဘူး။
ကက်စ်မဲရိုးကြောင့် ယူနိုက်တက်ခံစစ်ဇုန်ကို ဖောက်ဝင်ဖို့ ခက်နေခဲ့ပြီး ဖောက်နိုင်ချိန်ကျလည်း မာတီနက်ဇ်တို့ကို မကျော်နိုင်ခဲ့တဲ့ စပါးအတွက် ဂိုးမရတာ မဆန်းပါဘူး။ မာတီနက်ဇ်ကတော့ ကိန်းကို ထိန်းသွားတာ တော်တော်လေးချီးကျူးချင်စရာပါ။ မန်စီးတီးနဲ့ပွဲမှာသာ
အသင်းဖော်တွေ ဒီလိုကစားနိုင်ခဲ့ရင် ဟာလန်းကို သူ ထိန်းနိုင်ခဲ့မှာလို့ ပြန်တွေးမိပါသေးတယ်။ ဒီရာသီမှာ ယူနိုက်တက်ကစားခဲ့သမျှထဲက အကောင်းဆုံး
ပွဲကို မနေ့ညက မြင်လိုက်ရတာတော့ ကြည့်ရကျိုးနပ်ခဲ့ပါတယ်။