top of page
  • Facebook
  • YouTube

Add a Title

"ဒီဘရိုင်းကို ဒီလိုထိန်း" လို့ တန်ဟက်ကို သင်ကြား​ပေးခဲ့တဲ့ ဗန်ဟား

ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဟော်လန်နည်းပြဗန်ဂါးလ်က ဒီဘရိုင်းကို ကောင်းကောင်းကြီးထိန်းပြသွားပါတယ်။ ဒါက လာမယ့် မန်ချက်စတာဒါဘီပွဲမှာ တန်ဟက်ဂျ်တယောက် မန်စီးတီးအတွက် ခြေစွမ်းပြနေတဲ့ ဒီဘရိုင်းကို ဘယ်လိုထိန်းရမလဲဆိုတဲ့ နည်းစနစ်ပိုင်း

တခုကို မှီငြမ်းခွင့်ရတာမျိုးလည်း ဖြစ်လာပါတယ်။ ယူတတ်ရင် ပညာရတယ်ဆိုတဲ့အတိုင်းပဲ ဗန်ဂါးလ်ရဲ့ လုပ်ပုံလုပ်နည်းကို အတုယူပြီး သူ့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင့်ပွားနိုင်မယ်ဆိုရင်တော့ ဒါက တန်ဟက်ဂ်ျအတွက်ရော၊ ယူနိုက်တက်အတွက်ပါ အကျိုးရှိလာနိုင်

ပါတယ်။


ဗန်ဂါးလ်က သုံးယောက်တန်းခံစစ်ထားပြီး ဒီလေဘလင်းနဲ့ ဒမ်းဖရိုင်းကို wingback တွေအဖြစ်ထားခဲ့ပါတယ်။ ခံစစ်ကစားချိန်မှာ သူ့အသင်းခံစစ်ပိုင်းက ၅ ယောက်တန်းပုံစံဖြစ်သွားပါတယ်။ ဒီဘရိုင်းက ဟော်လန်ရဲ့ ဘယ်ခြမ်းကွင်းဘက်ကနေ တောက်လျှောက်

ကစားနေလို့ ဒုတိယပိုင်းမှာ ဗန်ဂါးလ်က နသန်အကီကိုထုတ်ပြီး မာလာစီယာကို ထပ်ထည့်ပါတယ်။ မာလာစီယာက ဘယ်အစွန်နောက်ခံလူပါ။ ဒါပေမယ့် သူ့ကို ဗဟိုခံစစ်ဘယ်ခြမ်းမှာ ကစားခိုင်းလိုက်တာပါ။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး မာလာစီယာနဲ့ ဗန်ဂါးလ်တို့ အချေအတင်

တောင်ဖြစ်ခဲ့ကြပါတယ်။


ဗန်ဂါးလ်ကတော့ အခုလိုရှင်းပြပါတယ်။


"ကျနော်က မာလာစီယာကို ဗဟိုခံစစ်နေရာမှာ ကစားစေချင်တယ်၊ ဒါကြောင့်လည်း နသန်အကီနေရာမှာ သူ့ကိုထည့်လိုက်တာ။ ကမ္ဘာ့ဖလားမှာ မာတင်အင်ဒီက ပါမှာမဟုတ်ဘူး၊ အဲဒီနေရာမှာလည်း သူ မကစားနိုင်ဘူး၊ ဒီတော့ ဘယ်သူက အဲဒီနေရာမှာကစားနိုင်မလဲဆိုတာကို ကျနော်ရှာနေတာ၊ မာလာစီယာကို ဗဟိုခံစစ်ဘယ်ခြမ်းမှာ ကျနော်ထည့်လိုက်တာက ဒီဘရိုင်းက အဲဒီဘက်ကနေ အရမ်းကစားနေတာ"


"နည်းဗျူဟာကျကျဖြေရှင်းဖို့ ကြိုးစားတဲ့ ဒီလေဘလင်းအစား Pitbull တကောင်ရှိနေတာက ပိုကောင်းတယ်လေ၊ ဒီဘရိုင်းက ဘလင်းထက် acceleration ပိုပြီးလုပ်နိုင်တယ်၊ ဒီတော့ မာလာစီယာကိုထည့်လိုက်ရတာ၊ ဒီပွဲမတိုင်ခင် သူနဲ့လည်း ဒါကိုဆွေးနွေးပြီးသား၊ သူ အဲဒီနေရာမှာလည်း ကစားနိုင်တယ်" လို့ ဆိုပါတယ်။ ဒါပေမယ့် မာလာစီယာကတော့ "ကျနော်က ရှေ့ကို ပိုပိုပြီးရောက်နေတာ၊ အဲဒီနေရာမှာ မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့က မလွယ်ဘူး၊ ဒါပေမယ့် တခြားသူတွေက ကျနော့်ကိုမှန်မှန်ကန်ကန်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်"


ဒီတော့ ဒီဘရိုင်းကို ဘလင်းနဲ့ မာလာစီယာတို့က ဝိုင်းထိန်းချုပ်ခဲ့ကြပြီး ဘယ်လ်ဂျီယံ Playmaker တယောက် ဘာမှမလုပ်နိုင်တော့အောင်ကို ဖြစ်သွားခဲ့ရပါတယ်။ ဒါက လာမယ့်မန်ချက်စတာဒါဘီမှာ တန်ဟက်ဂျ်အတုယူရမယ့် နည်းလမ်းတခုပါပဲ။ သူ ဘယ်လိုတွေပြင်ဆင်လာမလဲဆိုတာကိုတော့ လာမယ့်တနင်္ဂနွေနေ့ကျရင် တွေ့ရပါတော့မယ်။




bottom of page