top of page
  • Facebook
  • YouTube

Add a Title

ဒီ​တောင်ကို မက်ဂွိုင်းယား​ကျော်နိုင်မယ်မထင်ဘူး

အင်္ဂလန်နဲ့ ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကတော့ ဂျာမနီနဲ့ပွဲမှာလည်း စိတ်ပျက်စရာကောင်းလွန်းတဲ့ အမှားမျိုးကျူးလွန်ပြီး ထပ်အလှောင်ပြောင်ခံနေရပြန်ပါပြီ။ တဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲမှာ

ဂျာမနီက ပင်နယ်တီကနေ အဖွင့်ဂိုးရသွား ခဲ့ရာမှာ မက်ဂွိုင်းယားရဲ့ အမှားကြောင့်ပါပဲ။


မက်ဂွိုင်းယားပုံစံက တကယ်လည်း လှောင်ချင်စရာမရှိတော့ပါဘူး။ အောက်ဆုံးအဆင့်ထိကို ထိုးဆင်းကျသွားပြီး ဘယ်လိုမှကို ပြန်ဆွဲတင်လို့မရအောင်ကို ဖြစ်သွားပြီထင်ပါတယ်။ စိတ်ရောဂါအထူးကုတယောက်ယောက်လောက်နဲ့ ပြသပြီးတော့

သူရင်ဆိုင်နေရတဲ့ဖိအားတွေကို အမြန်ဆုံးရှင်းထုတ်နိုင်ဖို့ ကြိုးစားသင့်တယ်။ အဲဒီလိုမှမဟုတ်ရင် သူ့ကို ကာတာဆီ ခေါ်သွားဖို့အတွက် ဆောက်ဂိတ်တယောက် နည်းပြရာထူးပါရင်းပြီးတော့ လုပ်ရမယ့်ပုံဖြစ်နေပါတယ်။


ညက ဂျာမနီနဲ့ပွဲမှာလည်း ကိုယ့်ကွင်းဘက်ခြမ်းမှာ ဘောလုံးရထားတယ်၊ ဘောလုံးလည်း အေးဆေးကိုင်ထားနိုင်တယ်၊ အဲဒါကို လူပေးတာ ညံ့ဖျင်းပြီး မူဆာလီယာက ကြားဖြတ်ယူသွားတယ်၊ ဧရိယာထဲထိဆွဲပြေးသွားတယ်။ မက်ဂွိုင်းယားက

လိုက်ဟန့်တားဖို့ကြိုးစားတော့ ပေါင်ကြားထဲကနေ အထည့်ခံလိုက်ရတယ်၊ ပြီးတော့ သူဖျက်ထုတ်တာ အရမ်းဖြစ်ကတတ်ဆန်းနိုင်လွန်းပြီး ပင်နယ်တီပါ ပေးလိုက်ရပါတယ်။


ထိပ်တန်းအဆင့်အသာထားလို့ ဒုတိယတန်းစားကစားသမားတဦးပုံစံမှာတောင်မှ ရှိမနေခဲ့တာပါ။ ဆန်းဒေးလိဂ်က အပျော်တမ်းကစားသမားတွေတောင် အဲဒီလောက်ထိ ရုပ်မပေါက်ပါဘူး။ ဖိအားတွေဝင်နေတယ်ဆိုတာမှန်ပေမယ့် ဒီလိုပုံစံမျိုးထိ

ဖြစ်နေတာကမယုံနိုင်စရာအောင်ပါပဲ။ သူ့ကိုကြည့်ပြီး ရယ်နေရတာကနေ သနားဖို့ကောင်းလာတဲ့ ပုံစံဖက်ကို ရောင်္ကလာတယ်။ တန်ဟက်ဂျ်အတွက်တော့ နှစ်ခါပြန်စဉ်းစားစရာမလိုအောင်ကို သွားတော့ အရန်ခုံဆီဆိုတာပဲ ဖြစ်နေဦးမှာပါ။


ယူနိုက်တက်ကစားသမားတွေအားလုံးလိုလို နိုင်ငံပွဲတွေမှာ ခြေစွမ်းပြခဲ့ကြတယ်။ သူ တယောက်တည်းပဲ ကွက်ပြီးတော့ ဖြစ်နေတာ။ သူ့ကို ယုံကြည်ပေးထားတဲ့ နည်းပြအောက်မှာလည်း အလုပ်မဖြစ်ပြန်ဘူး။ အစကတော့ သူ့ကို

ကိုယ်ပါလှောင်ပြောင်နေတာပဲ။ အခုတော့ လှောင်တောင်မလှောင်ချင်တော့ဘူး။ သူဖြစ်နေတာကိုကြည့်ပြီး သနားတောင်သနားလာပြီ။ ခေါင်းကြီးအတွက် ဆေးမရှိတော့ဘူးထင်ပါရဲ့။


bottom of page