top of page
  • Facebook
  • YouTube

Add a Title

ဒီ​ကောင်​လေးကို ဝိုင်းလုကြ​တေ့ာမယ်

မနေ့ညက ကစားခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ဒေါ့မွန်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် လူငယ်ကြယ်ပွင့်ဘီလင်ဟမ်က ဒီရာသီချန်ပီယံလိဂ်မှာ ၄ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဘီလင်ဟမ်က

မာကိုရူးစ်ဒဏ်ရာကြောင့် အနားယူနေချိန်မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူပေးနေပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေဆက်တိုက်ထွက်နေချိန်မှာ ဘီလင်ဟမ်က ခြေစွမ်းပြနေတာဖြစ်ပြီး ဒေါ့မွန်အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူနေရတာဖြစ်ပါတယ်။ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို တည်ငြိမ်ရင့်ကျက်နေပြီး အသင်းအတွက်လည်း

အကောင်းဆုံးကစားပေးနေတဲ့ ဘီလင်ဟမ်ကို လာမယ့်ရာသီမှာ အသင်းကြီးတွေ အပြိုင်အဆိုင်ကမ်းလှမ်းကြဖွယ်ရှိနေပါပြီ။


ဒီရာသီချန်ပီယံလိဂ်မှာ လေးပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်သလို အင်္ဂလန်သားတွေထဲမှာ ဒီလိုစွမ်းဆောင်နိုင်တာကလည်း သူ တယောက်တည်းရှိနေခဲ့တာပါ။ ဘီလင်ဟမ်သွင်းယူခဲ့တဲ့ ဂိုးကလည်း တော်တော်လေးမိုက်ပါတယ်။

ဆီဗီလာကစားသမား ၂ယောက်ကို လှည့်စားပြီး ဂိုးနဲ့ ထောင့်ဖြတ်အနေအထားကိုအရောက်မှာ ခြေဦးနဲ့ အသာလေးထိုးပြီး အဝေးတိုင်ထောင့်ကို ကန်သွင်းခဲ့တာပါ။


ဒေါ့မွန်ကတော့ ဘီလင်ဟမ်ကို ရောင်းချမယ်ဆိုရင် ငွေကြေးအများအပြားရယူနိုင်ဦးမှာ သေချာနေပါပြီ။ နှစ်တိုင်းလိုလိုမှာ သူတို့ရဲ့ နာမည်ကျော်ကစားသမားတွေကို ငွေကြေးထိုက်ထိုက်တန်တန်ရရင် ရောင်းချလေ့ရှိတဲ့ ဒေါ့မွန်က ဘီလင်ဟမ်ကို ရေရှည်ထိန်းသိမ်းထားဖွယ်မရှိဘဲ

ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရရှိမယ်ဆိုရင် ရောင်းချဖွယ်ရာရှိနေပါတယ်။ ဒီကောင်လေးကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေအပြင် ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေပါတယ်။



bottom of page