top of page
  • Facebook
  • YouTube

Add a Title

တစ်ပွဲဘဲ​ပြော နယူးကာဆယ်

ဒီတပတ်အတွက် ရွေးချယ်ပေးဖို့အလှည့်ရောက်လာပြန်ပါပြီ။ စတင်ရွေးချယ်ပေးချိန်ကစလို့ အခုချိန်ထိ ရာခိုင်နှုန်းအရ မှန်ကန်မှုက များခဲ့တာမို့လို့ ရွေးချယ်ပေးရတာ အားရှိရပါတယ်။ ဒီတပတ်မှာ ပရီးမီးယားလိဂ်တွေ ပြန်လည်စတင်တော့မှာဖြစ်လို့လည်းပွဲတွေက ထုံးစံအတိုင်းအများကြီးဖြစ်နေဦးမှာပါ။ ကျနော်ကတော့ ပရီးမီးယားလိဂ်ကို အားသန်တဲ့သူဖြစ်လို့ ပရီးမီးယားလိဂ်ပွဲတွေထဲကမှ အကောင်းဆုံးအကျိုးအမြတ်ရနိုင်မယ့်ပွဲကို ရွေးချယ်ပေးထားပါတယ်။ နယူးကာဆယ်-ဘုန်းမောက်ပွဲစဉ်ပါ။အိမ်ရှင်နယူးကာဆယ်ရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲတည်းသာနိုင်ခဲ့ပြီး အဲဒါကလည်း ကာရာဘောင်ဖလားပွဲမှာ ထရမ်းမဲလ်ကို နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာတော့ သူတို့နိုင်ပွဲပျောက်နေတာ ၄ပွဲဆက်တိုက်ဖြစ်နေပြီးသရေ ၃ ပွဲကျခဲ့ကာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကိုတော့ ၃ ဂိုးစီသရေကျအောင် သူတို့လုပ်နိုင်ခဲ့ပါတယ်။ဘုန်းမောက်ကတော့ ရလဒ်တွေဆိုးရွားမှုနဲ့အတူ နည်းပြစကော့ပါကားကိုထုတ်ပယ်ခဲ့ရပြီး နှစ်ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ၄ မှတ်အထိ ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီး ရလဒ်ကောင်းပြန်ရလာပါတယ်။ သတိထားရမှာကသူတို့ရလဒ်ဆိုးခဲ့တယ်ဆိုပေမယ့် အာဆင်နယ်၊ လီဗာပူးလ်တို့လိုအသင်းတွေကို ရှုံးခဲ့တာဖြစ်တယ်ဆိုတာပါပဲ။နှစ်သင်းစလုံး ရမှတ်တူညီနေပြီး အဆင့်ကလည်း သိပ်မကွာဟပါဘူး။ သူတို့နှစ်သင်းနောက်ဆုံးတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ နယူးကာဆယ်က ၃ပွဲနိုင်ပြီး ၂ပွဲသရေကျခဲ့ပါတယ်။ ဘုန်းမောက်က နိုင်ပွဲလုံး၀မရခဲ့ပါဘူ။ ထူးခြားတာက အဲဒီငါးပွဲစလုံးမှာ ဂိုးပေါင်းအပေါ်တွေချည်းဖြစ်ခဲ့တာပါ။ နှစ်သင်းစလုံးပွဲတိုင်းဂိုးသွင်းနိုင်ခဲ့ကြပြီး နယူးကာဆယ်ကတော့ တပွဲကိုအနည်းဆုံး ၂ ဂိုးအထိ ရခဲ့ပါတယ်။ စျေးကွက်ဖွင့်လှစ်ထားမှုအရတော့ စျေးကြောပေးမှုမှာ နယူးကာဆယ်က တလုံး ၅၀ ရှုံးဆိုတဲ့ ပုံစံတွေ့ရပါတယ်။ ဂိုးပေါင်းစျေးကို ၂ဂိုးအရှုံးကနေစဖွင့်ထားတာမို့ မှန်ကန်တဲ့ ဖွင့်လှစ်ထားမှုလို့ ယူဆရပါတယ်။နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ နယူးကာဆယ်တို့ ဒီလိုပွဲမျိုးမှာ မဖြစ်မနေနိုင်ပွဲရှာရမှာပါ။ အိမ်ကွင်းမှာဆိုရင် ကစားပုံပိုကောင်းပြီး ဂိုးတွေလည်းရတဲ့ နယူးကာဆယ်ကြောင့် သူ့ကိုပဲ ရွေးချယ်ထားရမှာဖြစ်ပြီး ဘုန်းမောက်ရဲ့ တိုက်စစ်ပိုင်းဂိုးရနိုင်ချေကလည်း မြင့်မားလို့ဂိုးအပေါ်ကိုလည်း သဘောကျပါတယ်။ နယူးကာဆယ်ဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်ကို တွဲဆော့မယ်ဆိုရင် စိတ်ချမ်းသာရမှာပါ။ 


bottom of page