top of page
  • Facebook
  • YouTube

Add a Title

​​ဆောက်ဂိတ်ရဲ့ အံအားသင့်ဖွယ်လူ​ရွေးချယ်မှု

ဒီရာသီမှာ ဆန်ချိုက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃ ဂိုး သွင်းပေးထားပါတယ်။ ညက ရှာရစ်နဲ့ပွဲမှာလည်း လီဗာပူးလ်နဲ့ပွဲတုန်းက သွင်းယူခဲ့တဲ့ ပုံစံနဲ့ တူညီတဲ့ သွင်းဂိုးတဂိုးကို သူရရှိခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကပဲ ထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့

ခြေစမ်းပွဲလူစာရင်းမှာတော့ သူ့ကို နည်းပြဆောက်ဂိတ်က ချန်လှပ်ခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာက ဆန်ချိုလောက် ခြေစွမ်းမပြနိုင်တဲ့ မေဆန်မောင့်၊ ဂရီလစ်ရှ်တို့က အင်္ဂလန်တိုက်စစ်ပိုင်းမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။ ဆေက်ဂိတ်ရဲ့ လူရွေးချယ်မှုကလည်း

မေးခွန်းထုတ်စရာရှိလာခဲ့ပါတယ်။


ဆောက်ဂိတ်ရွေးချယ်ခဲ့တဲ့ ဘိုဝင်၊ ဆာကာ၊ ဂရီလစ်ရှ်နဲ့ မေဆန်မောင့်တို့ ၄ ဦးပေါင်းမှ ဒီရာသီမှာ ၃ ဂိုးပဲ သွင်းထားနိုင်တာပါ။ လက်ရှိ ခြေစွမ်းအရဆိုရင်၊ ဂိုးတွေသွင်းနိုင်တာကိုထည့်စဉ်းစားမယ်ဆိုရင် ဆန်ချိုက မေဆန်မောင့် နဲ့ ဂရီလစ်ရှ်တို့ထက်တောင် ဦးစားပေး

ခံရသင့်တာပါ။ မေဆန်မောင့်ရော၊ ဂရီလစ်ရှ်ရောက ဒိရာသီမှာ သွင်းဂိုးရော၊ ဖန်တီးမှုပါမလုပ်နိုင်သေးဘဲ ဝေဖန်ခံနေရတဲ့ ကစားသမားတွေဖြစ်ပြီး ဆောက်ဂိတ်က ဘာကိုကြည့်ပြီးရွေးချယ်ခဲ့တာလဲဆိုတာ စဉ်းစားလို့မရပါဘူး။ ကမ္ဘာ့ဖလားအတွက် အပြီးသတ်

လူရွေးချယ်မှုမဟုတ်ပေမယ့် ဒီလူစာရင်းကို အခြေခံပြီး ကာတာကို သွားမှာဖြစ်လို့ အရေးကြီးတယ်လို့ ပြောလို့ရပါတယ်။


မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့လို ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်မရ၊ ဝင်ကစားခွင့်ရချိန်မှာလည်း ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကိုလည်း သူက ခေါ်ယူခဲ့ပါတယ်။ ပြိုင်ပွဲအရှိန်မိနေတဲ့ ဆန်ချိုကိုတော့ ချန်ထားခဲ့တာက ပိုပြီးတော့ အံ့အားသင့်ရပြန်ပါတယ်။

သူ့ကစားကွက်မှာ အံဝင်မယ့်ကစားသမားတွေကို ရွေးချယ်တာလို့ ပြောလို့ရပေမယ့် ဒီကစားသမားတွေက ပွဲဆက်ပြတ်နေပြီး ခြေစွမ်းပိုင်းအရလည်း အားနည်းချက်တွေရှိနေသူတွေပါ။ ဆောက်ဂိတ်ကတော့ သူ့အသင်းမှာ အံဝင်မယ်လို့ ယုံကြည်ပြိးရွေးချယ်ခဲ့ပေမယ့်

ဘေးပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာပါပဲ။


ဒီပုံစံနဲ့ဆိုရင်တော့ အင်္ဂလန်က ကမ္ဘာ့ဖလားမှာလည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ထင်ပါတယ်။ ဆန်ချိုပါလာရင် ဖြစ်မှာလားလို့ မေးစရာရှိပါတယ်။ ဆန်ချိုပါလာရင်လည်း မလွယ်ပါဘူး။ ဒါပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တာ၊ ရွေးသင့်ရွေးထိုက်တာကို လုပ်ရဖို့အတွက်ကိုပဲ

ထောက်ပြတာပါ။ ဒီလိုမျိုး လူရွေးချယ်တာကအစ မှားယွင်းနေမယ်ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ပြောချင်တာပါပဲ။


bottom of page