ကက်စ်မဲရိုးရဲ့ အပြောင်းအရွှေ့နဲ့အတူ နွေရာသီစျေးကွက်နဲ့ လက်ကျန်အချိန်တွေက စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ အဓိကက ကက်စ်မဲရိုးလို အဓိကကစားသမားပြောင်းရွှေ့ချိန်မှာ ရီးရဲလ်က ဘာပြန်လုပ်မှာလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့လုပ်လာနိုင်ချေရှိတာတွေကို သုံးသပ်ကာ ဘယ်ကစားသမားတွေကို ခေါ်ယူနိုင်မလဲဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိလာခဲ့ပါတယ်။ ကက်စ်မဲရိုးထွက်ခွာခဲ့ရင် ရီးရဲလ်မက်ဒရစ်က ချူဝါမန်နီကို အရန်သင့်အစားထိုးနိုင်မှာပါ။ ဒါ့အပြင် ဒေးဗစ်အလာဘာကလည်း အဲဒီနေရာမှာ ကစားနိုင်လို့ ရီးရဲလ်အတွက် ကစားသမားသစ်ဝယ်ယူဖို့က အဆောတလျင်တော့မလိုပါဘူး။ ဒါပေမယ့်လက်ရှိအထိုင်ကို သူတို့မဖျက်ချင်ရင် ကန်တေကိုခေါ်ယူနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆို အသင့်အစားထိုးပြီးဖြစ်သလို ချူဝါမန်နီကို ဖြည်းဖြည်းချင်းပဲ သူတို့ဆွဲခေါ်လို့ရပါတယ်။ တဖက်မှာ ယူနိုက်တက်ကလည်း ကက်စ်မဲရိုးတဦးတည်းနဲ့မပြီးသေးပါဘူး။ အေဂျက်ဇ်တောင်ပံလူ အန်တိုနီကို ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းပေမယ့် ပယ်ချခံလိုက်ရပါတယ်။ ထပ်ကမ်းလှမ်းဖို့ပြင်ဆင်နေပြီး ဂိုးသမားတဦးနဲ့ ညာနောက်ခံလူတဦးကိုလည်း သူတို့ရှာနေလို့ ယူနိုက်တက်အပြောင်းအရွှေ့ကိစ္စတွေက မပြီးလောက်သေးပါဘူး။ ဘယ်သူတွေရောက်လာမလဲ စိတ်လှုပ်ရှားစရာပါပဲ။ ချယ်လ်ဆိးကလည်း စျေးကွက်မပိတ်ခင် အထောင်တိုက်စစ်မှူးတဦးကို ချိတ်ဆက်နေပြီး ခုထိတော့ မတွေ့သေးပါဘူး။ အော်ဘာမီယန်နဲ့ သတင်းတွေထွက်နေသလို ရော်နယ်ဒိုဘက်လည်း မြှားဦးလှည့်လာနိုင်ပါတယ်။ ကျန်အသင်းကြိးတွေကတော့ အခြေအနေငြိမ်သလောက် ဖြစ်သွားပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေပါ အသုံးပြုပြီး ကစားသမားသစ်တွေ ဆက်တိုက်ခေါ်နေပါတယ်။ ဒီပိုင်းက ဂျူဗီကိုရောက်ဖို့ တော်တော်လေးနီးစပ်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီးပြီလို့ သိရပါတယ်။ ဘာကာက စာချုပ်ဖျက်သိမ်းပေးဖို့ကို ညှိနေရပြီး အဲဒီအပိုင်းပြီးရင်တော့ သူ တူရင်ကို ရောက်တော့မှာပါ။ အဓိကထားစောင့်ကြည့်ရမှာကတော့ ဇာတ်လိုက်ကျော်ကြီး ယူနိုက်တက်ပါပဲ။ သူတို့ ဘယ်လိုတွေဆက်လှုပ်ရှားဦးမလဲဆိုတာ လက်ကျန်စျေးကွက်နေ့ရက်တွေကို သေချာပေါက်စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
top of page
bottom of page