• Facebook
  • YouTube

Add a Title

​စော​စောစီးစီး ဖလားသိမ်းမယ့် ဘိုင်ယန်နဲ့ပီအက်စ်ဂျီ

မနေ့ကပွဲစဉ်တွေအပြီးမှာ ဘွန်ဒက်လီဂါနဲ့ ပြင်သစ်လီဂူးက အဖြေထွက်သွားပါပြီ။ ရာသီအစ ၂ပွဲ၊ ၃ပွဲပဲရှိနေသေးတဲ့အချိန်မှာပဲ သူတို့ရဲ့ ခြေစွမ်း၊ ကစားသမားအင်အားနဲ့ ဂိုးမုန်တိုင်းထန်နေခဲ့ပုံက တခုခုများ ပြောင်းလဲမလားဆိုပြီး စောင့်ကြည့်နေတဲ့သူတွေကို လက်လျှော့သွားစေခဲ့ပါပြီ။ ဘိုင်ယန်က ၀ုလ်ဘတ်ကို ၇ ဂိုး၊ ပီအက်စ်ဂျီက လိုင်လီကို ၇ ဂိုးသွင်းပြီး လိဂ်မှာ သူတို့ပြိုင်ဘက်မရှိဘူးဆိုတာကို ထပ်တလဲလဲပဲပြသနေပါတယ်။ ဒီလိဂ်နှစ်ခုက ငြီးငွေ့စရာတောင်မှ ကောင်းလာခဲ့ပါပြီ။ ဒီတော့ သူတို့အသင်းက ကစားသမားတဦးချင်းစီရဲ့ ခြေစွမ်း၊ ပွဲချိန်အတွင်း ဘာလုပ်ပြမလဲဆိုတာကိုပဲ စောင့်ကြည့်နေရပါတယ်။ ဘိုင်ယန်မှာက မာနေးက ၂ဂိုးသွင်းခဲ့ပါတယ်။ ဆီနီဂေါသားက မြူးနစ်မှာလည်း အေးဆေးနွေးထွေးပါပဲ။ ဖန်တီးပေးမယ့်သူတွေအသင့်၊ ပင်နယ်တီကန်သွင်းခွင့်တာဝန်ရထားတယ်၊ ဒီတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပေါင်းစပ်လိုက်ရင် အရာအားလုံးက လွယ်ကူနေပါတယ်။ ပီအက်စ်ဂျီပွဲကတော့ ပြောစရာအများကြီးရှိခဲ့ပါတယ်။ ဘတ်ပီက ဟက်ထရစ်၊ နေမာက ၂ဂိုး၊ မက်ဆီက ၁ဂိုးသွင်းပြီး နေမာက ဖန်တီးမှု ၃ကြိမ်တောင်မှ လုပ်ပေးခဲ့ပါတယ်။ အဲဒီ ၃ကြိမ်မှာ ၂ကြိမ်က ဘတ်ပီအတွက်ပါ။ သူနဲ့မကျေမလည်တွေဖြစ်ခဲ့တယ်လို့ သတင်းထွက် ခဲ့တဲ့ ဘတ်ပီအတွက် နေမာက ဖန်တီးပေးခဲ့တာဖြစ်ပြီး အတူတူအောင်ပွဲခံခဲ့ကာ သူတို့ကြား ဘာပြသနာမှမရှိတော့ဘူးလို့ ပြသခဲ့ပါတယ်။ ဘတ်ပီရဲ့ ပထမဆုံးဂိုးကတော့ ပွဲအစ ၈ စက္ကန့်မှာပဲ ရခဲ့တာပါ။ စပေးဘောပေးပြီး ဘောလုံးထိချက် ၄ ကြိမ်မြောက်မှာ မက်ဆီက လိုင်လီခံစစ်ကြားက ပြေးထွက်သွားတဲ့ ဘတ်ပီရဲ့ ပြေးလမ်းဆီ ချပေးခဲ့ပြီး လီဂူးဝမ်းရဲ့ အမြန်ဆုံးသွင်းဂိုးနဲ့ အမြန်ဆုံးဖန်တီးမှုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူတို့ကြားမှာလည်း ရယ်ရယ်မောမောနဲ့အတူ အောင်ပွဲခံခဲ့ပြိး ပြသနာတွေကင်းသွားပြီဆိုတာလည်း တွေ့ခဲ့ရပါတယ်။ သူတို့နှစ်သင်းစလုံးက တပွဲကို ၅ ဂိုးနှုန်းလောက် အသာလေးသွင်းနေပြီး ပြိုင်ဘက်မရှိဖြစ်နေတာပါ။ ပွဲစဉ် ၃ အပြီးမှာတင် လိဂ်နှစ်ခုအဖြေက ထွက်နေပြီး သူတို့က ဖလားသိမ်းသွားပြီလို့တောင်မှ ပြောလို့ရနေပါပြီ။ 



Why join sportsbooks , Games and Slots sites via TBOB ?

■ လစဥ် Bonus , မိတ်ဆက် Bounus များအား အလျင်းသင့်သလို ပေးခြင်း။

■ တစ်နေရာတည်းနှင့် အပြည့်စုံဆုံးသော ကစားနည်းမျိူးစုံ ဝန်ဆောင်မှုပေးခြင်း။

■ ယုံကြည်စိတ်ချရပြီး ကစားရလွယ်ကူအဆင်ပြေသော Website ကို ညွှန်းပေးခြင်း။

■ ငွေသွင်းငွေထုတ် မြန်ဆန်မှန်ကန်အောင် ပြုလုပ်ပေးခြင်း။

■ ကစားနေစဥ် ဖြစ်ပေါ်လာသော အငြင်းပွားဖွယ်ရာ ပြသနာများအား ဖြေရှင်းပေးခြင်း။

■ လုံးဝမကစားတတ်သေးပါက ကစားနည်းများကို သင်ကြားပြသပေးခြင်း။