top of page
  • Facebook
  • YouTube

Add a Title

ငိုများငိုခဲ့သလား တိုနီခရူးစ်ရာ

ဘာနေဗျူးကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့တော့မယ့် အသင်းဖော်ကက်စ်မဲရိုးအတွက် တိုနီခရူးစ်က နှုတ်ဆက်စာရေးခဲ့ပါတယ်။ တကယ်ကို စိတ်မကောင်းစရာနှုတ်ဆက်စာဖြစ်ပြီး အချစ်ဆုံးသူငယ်ချင်းနဲ့ တသင်းတည်းမှာ အတူတူမကစားရတော့မယ့်အပေါ်မှာခရူးစ်က တော်တော်လေးဝမ်းနည်းနေမယ်ဆိုတာကို သိသာစေနိုင်တဲ့အထိပါပဲ။ သူတို့နှစ်ဦးက တော်တော်လေးခင်မင်ရင်းနှီးကြပြီး တယောက်နဲ့တယောက်ကြား ထိပ်ပုတ်ခေါင်းပုတ်လုပ်တတောင် စိတ်မဆိုးတဲ့အထိ ချစ်ခင်ခဲ့ကြတာပါ။ အခုတော့ တသင်းတည်းမှာအတူမကစားရဖို့ အကြောင်းဖန်ခဲ့ပါပြီ။"ငါ မင်းကို သတိရနေမှာပါ၊ စံပြပရော်ဖက်ရှင်နယ်ကစားသမားတဦးအနေနဲ့ရော၊ ထိပ်တန်းကစားသမားတဥိးအနေနဲ့ရောပေါ့၊ မင်းက ငါ့ကိုအကြိမ်ပေါင်းများစွာကယ်တင်ပေးခဲ့တဲ့ ဖိုက်တာတယောက်ပါ၊ ဒါပေမယ့် အားလုံးရဲ့အထက်မှာ မင်းက လူကောင်းတယောက်အဖြစ်နဲ့ရှိနေခဲ့တယ်၊ ငါတို့တွေ သမိုင်းကို ဖန်တီးခဲ့ပြီးပြီ၊ တကယ့်ကို ဒဏ္ဍာရီခေတ်ကြီးတခုပါ၊ အခုတော့ မင်းက ဒီလမ်းကြောင်းပေါ်ကနေ သွေဖွယ်သွားခဲ့ပြီဆိုပေမယ့် ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေက ရှိနေသေးတယ်ဆိုတာ ငါ အာမခံနိုင်တယ်၊ မင်းအကောင်းဆုံးဖြစ်ပါစေ သူငယ်ချင်း၊မင်းနဲ့ မကြာခင်မှာ ပြန်တွေ့ဦးမယ်လို့လည်း ငါ ထင်တယ်၊ ကံကောင်းပါစေကွာ၊ မင်းရဲ့ တိုနီ." လို့ ခရူးစ်က ရေးသားခဲ့ပါတယ်။ဒီစာထဲမှာ ဘာနေဗျူးက သူတို့နှစ်ဦးကြားက ပတ်သက်ခဲ့မှုအတိုင်းအတာ၊ ကွင်းအတွင်းမှာ ကစားခဲ့တာတွေ၊ ပုဂ္ဂိုလ်ရေးရင်းနှီးမှုတွေ၊ အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကာ၊ တဦးနဲ့တဦး ကာကွယ်ပေးခဲ့တာ၊ ခေတ်တခေတ်ကို အတူတူတည်ဆောက်ပေးခဲ့တဲံအကြောင်းတွေ အကုန်လုံးပါနေတယ်ဆိုတာကို သေချာဖတ်ကြည့်ရင် သိနိုင်မှာပါ။ စကားလုံးနည်းနည်းနဲ့ စာတိုတိုလေးဆိုပေမယ့် အများကြီးကျယ်ပြန့်နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေရှိနေခဲ့ပါတယ်။ ခရူးစ်က ကက်စ်မဲရိုးထွက်ခွာမယ့်အပေါ်မှာ တော်တော်လေးစိတ်မကောင်းဖြစ်နေမယ်ဆိုတာကိုလည်း ထင်ရှားစေပါတယ်။ကက်စ်မဲရိုးက ယူနိုက်တက်ကို ယူရိုသန်း ၆၀ နဲ့ ပြောင်းရွှေ့တော့မှာပါ။ ၄ နှစ်စာချုပ်သက်တမ်းနဲ့ဖြစ်ပြီး နှစ်ဖက်အသင်းကလည်း အတည်ပြုခဲ့ပြီးပါပြီ။ Tank လို့ နာမည်ပြောင်ရခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်ခံစစ်ကစားသမားကြီးက အိုးထရက်ဖို့ဒ်ကိုရောက်လာပြီးစိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်တော့မှာပါ။ အဲဒီမှာ ဗာရာနီ၊ ရော်နယ်ဒိုတို့လို အသင်ေးဖော်ဟာင်းတွေနဲ့ သူ ပြန်တွေ့ရဦးမှာပါ။ နယ်မြေအသစ်၊ လိဂ်အသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ကက်စ်မဲရိုးက တက်ကြွနေလောက်ပါပြီ။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းကြီးခရူးစ်ကတော့ စိတ်မကောင်းဖြစ်ပြီး ကျန်နေရစ်ခဲ့တော့မှာပါ။ 



bottom of page