"ကျမရဲ့ မောင်ဘေးနားမှာ သူ့မိသားစုနဲ့ သူ့ကိုချစ်တဲ့သူတွေရှိတယ်၊ ဘာပဲဖြစ်ဖြစ် သူ့အနားမှာအမြဲရှိနေမှာပါ၊ ဒါပေမယ့် လက်ရှိအချိန်တွေကို ကျမကတော့ လုံး၀မအံ့ဩဘူး၊ ပေါ်တူဂီတွေက သူတို့စားပြီးတဲ့ ပန်းကန်ပြားပေါ်မှာ တံတွေးထွေးနေတာပဲ၊ အမြဲတမ်းအဲဒီလိုတွေချည်းပါပဲ၊ ငါ့ရဲ့ ဘုရင်ကြီးရေ၊ စိတ်အေးအေးသာထားပါ""ပေါ်တူဂီအတွက် အမြဲတမ်းပေးဆပ်ခဲ့တဲ့ သူတွေကို လက်ကမ်းပေးဖို့လိုပါတယ်၊ ဒါပေမယ့် ပေါ်တူဂီတွေက စိတ်ပျက်စရာပဲ၊ သေးနုပ်တယ်၊ စိတ်ဓာတ်ကင်းမဲ့တယ်၊ ရူးမိုက်တယ်၊ ကျေးဇူးကန်းတယ်၊ အမြဲတမ်းကျေးဇူးကန်းနေတာ၊ သူ့ ဒူးကိုထောက်ပြီး ထိုင်နေရတဲ့ လူတယောက်အတွက် ကမ်းပေးမယ့် လက်တစုံမရှိဘူး""ဒါက ရက်စက်လွန်းပါတယ်၊ ပေါ်တူဂီအတွက် သူအများကြီးပေးဆပ်ခဲ့တာပါ၊ အဲဒီထိုင်နေတဲ့ လူတယောက်ကို ခရစ္စတီယာနိုရော်နယ်ဒိုလို့ ခေါ်ပြီး သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားပဲ"ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ ကာတီယာက မောင်ဖြစ်သူ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောသွားခဲ့တာပါ။ ရော်နယ်ဒိုကို ပွဲထွက်ခွင့်မပေးသင့်တော့ဘူးလို့ ပေါ်တူဂီမီဒီယာတွေနဲ့ ပရိသတ်တွေက ပြောဆိုနေချိန်မှာ ဒီလိုမျိုးပြောဆိုရကောင်းလားဆိုပြီးတော့ မောင်ကိုယ်စားပြန်ပြီးတုံ့ပြန်ခဲ့တာပါ။ သူမ ပြောခဲ့တာတွေက မှန်သင့်သလောက်တော့ မှန်ပေမယ့် ရော်နယ်ဒိုကျဆင်းလာမှုကို မျက်ကွယ်ပြုထားလို့တော့မရပါဘူး။ရော်နယ်ဒိုက ပေါ်တူဂီရဲ့ အကျော်ကြားဆုံးကစားသမား၊ အောင်မြင်မှုတွေရယူပေးခဲ့တဲ့သူဆိုတာမှန်ပါတယ်။ ဒီအတွက်လည်း သူ့ကို ကြီးမားတဲ့ ဂုဏ်ပြုမှုတွေ အများကြီးလုပ်ပေးခဲ့ကြပြီးပါပြီ။ အသက်အရွယ်ကြောင့် သူ ကျဆင်းလာတဲ့အချိန်မှာ ဒီလိုတွေ ရင်ဆိုင်ရတာကတော့ ဒါ လောကသဘာ၀ပါပဲ။ ဒါကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရွှေထီးဆောင်းတုန်းက အချိန်တွေကို ပြန်ပြောပြီး အဲဒီတုန်းကလိုမျိုး အမြဲတမ်းနေသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ လိုက်လျောညီထွေရှိဖို့လိုတယ်လို့ ထင်ပါတယ်။
