မနေ့ကတော့ မန်ချက်စတာယူနိုက်တက်ကို အရဲစွန့်ပြီး ရွေးချယ်လိုက်တာ မှန်သွားပါတယ်။ စူပါဆန်းဒေးအတွက်လည်း ပရီးမီးယားလိဂ်ကိုပဲ ရွေးချယ်ထားပါတယ်။ ဒီနေ့အတွက် ၀ုလ်-နယူးကာဆယ်ပွဲကို ချဉ်းကပ်ကြည့်ပါမယ်။ ဝံပုလွေတွေက ဒီရာသီမှာ နိုင်ပွဲမရသေးပါဘူး။ ရုန်းကန်နေရပါတယ်။ ၃ပွဲမှာလည်း ၁ ဂိုးပဲရထားပြီး ခံစစ်ပိုင်းက ၃ဂိုးပြန်ပေးထားရပါတယ်။ ကစားသမားကောင်းတွေရှိနေပြီးတော့ အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကလည်း ခြေစွမ်းမြင့်မားတဲ့သူတွေပါ။ ဒါပေမယ့် သူတို့ စည်းဝါးမကိုက်သေးတာက အံ့အားသင့်စရာပါပဲ။ နယူးကာဆယ်ကတော့ ၀ုလ်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ရှုံးပွဲမရှိသေးသလို မန်စီးတီးလိုအသင်းကိုပါ အနိုင်ရလုနီးပါးဖြစ်အောင်ကစားနိုင်ခဲ့ပြီး သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ရာသီက ကစားသမားတွေကို အခြေခံပြီး ကစားသမားသစ်တွေနဲ့ ပေါင်းစပ်ထားမှုက အဆင်ပြေနေပြီး အယ်လ်မီရွန်၊ ဂွီမာရေ့စ်တို့လို ကွင်းလယ်ပိုင်းက လူတွေပါ ခြေစွမ်းပြနေလို့ တိုက်စစ်ကစားသမားတွေလည်း ဂိုးတွေသွင်းနေနိုင်ပါတယ်။ ၀ုလ်ကွင်းမှာ နောက်ဆုံး ၃ ပွဲဆက်တိုက် နယူးကာဆယ်တို့ အနိုင်မရထားပါဘူး။ ၁-၁ နဲ့ နှစ်ပွဲသရေကျပြီး တပွဲရှုံးခဲ့တာပါ။ ၀ုလ်ကွင်းမှာ ဒီနှစ်သင်းတွေ့ရင် အပြန်အလှန်ဂိုးသွင်းလေ့ရှိပြီး သတိထားရမှာကတော့ ဂိုးအောက်ဖြစ်နေတာများတဲ့အချက်ပါ။ နယူးကာဆယ်ရဲ့ အဝေးကွင်းအားနည်းချက်ကရှိနေတုန်းပါပဲ။ ဘရိုက်တန်ကို ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး အိမ်ကွင်းဆို ပိုကောင်းတဲ့အသင်းဖြစ်နေတာပါ။ ဒါပေမယ့် လက်ရှိစုဖွဲ့မှုနဲ့ ခြေစွမ်းအရတော့ သူတို့က ၀ုလ်ဗ်ထက်သာပါတယ်။ စိတ်ဓာတ်ပိုင်းလည်းကောင်းနေသလို နေရာစုံက ကစားသမားတွေခြေစွမ်းပြနေမှုကလည်း ၀ုလ်ဗ်နဲ့ လားလားမှမဆိုင်ပါဘူး။ ဖွင့်လှစ်ထားတဲ့ ကြေးအရတော့ နယူးကာဆယ်က သရေကျရင်တောင် နည်းနည်းနစ်နာမယ့်အနေအထားပါ။ ၀ုလ်ဗ်ကွင်းမှာ သူတို့ရလဒ်တွေမကောင်းခဲ့တာကလည်း သတိထားရမယ်ဆိုပေမယ့် အခုတော့ ဒါကိုချေဖျက်ရမယ့် အချိန်ရောက်နေပါပြီ။ ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ သူတို့အသာစီးရနေချိန် ၀ုလ်ကို အနိုင်ကစားဖို့က မခက်လောက်ပါဘူး။ စိန့်မက်ဆီမင်၊ အယ်လ်မီရွန်၊ ဂွီမာရေ့စ်တို့ ခြေစွမ်းပြမယ်ဆိုရင် ဝီလ်ဆင်တို့ ဂိုးရဖို့မခက်ပါဘူး။ ဒီပွဲအတွက်တော့ နယူးကာဆယ်ကိုပဲ သဘောကျပါတယ်။ သူတို့ အဝေးကွင်းမှာ နိုင်ပွဲရမယ့် အနေအထားမှာရှိနေတယ်လို့လည်း ယုံကြည်ပါတယ်။ ရွေးချယ်မှု - နယူးကာဆယ်
top of page
bottom of page