• Facebook
  • YouTube

Add a Title

ဂျီးဆပ် အ​ကြောင်းထပ်​​ပြောရအုံးမယ်

အာဆင်နယ်ကို ဂျီးဆပ်ရောက်လာပြီးကတည်းက သူ့အကြောင်းကို ပြောနေရတာ ဆက်တိုက်ပါပဲ။ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြတယ်၊ ရာသီအစမှာလည်း ဆက်တိုက်ခြေစွမ်းပြနေတယ်။ လက်စတာနဲ့ပွဲမှာ အသင်းရခဲ့တဲ့ ၄ ဂိုးစလုံးမှာ ၂ဂိုးသွင်း၊ ၂ကြိမ်ဖန်တီးပြီး ဂိုးတိုင်းမှာ ပါဝင်ပတ်သက်ခဲ့တယ်။ မနေ့က ဘုန်းမောက်နဲ့ပွဲမှာ တကြိမ်ထပ်ဖန်တီးပေးပြီး သူ့ရဲ့သွင်းဂိုးပယ်ဖျက်ခံရလို့သာ ဂိုးမရခဲ့တာပါ။ ဒီကစားသမားရဲ့ ခြေစွမ်းပြနေတဲ့ပုံက တော်တော်လေးအားရဖို့ကောင်းနေတာတော့အမှန်ပါပဲ။ အထူးသဖြင့်ပြောချင်တာကတော့ အာဆင်နယ်ရခဲ့တဲ့ ပထမဂိုးမှာ ဂျီးဆပ်စွမ်းဆောင်ပြခဲ့တာပါ။ ဘုန်းမောက်ကွင်းတဝက်ကျော်နားလောက်မှာ ဘောလုံးရသွားပြီးနောက်မှာ သူက ဘောလုံးနဲ့အတူ ဆွဲပြေးပြီး ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ခဲ့ပါတယ်။ တဖြောင့်တည်းဆွဲပြေးရတာမဟုတ်ဘဲ ကွေ့ကာဝိုက်ကာဆွဲပြေးပြီး လိမ်ခေါက်ခဲ့တာပါ။ ဒီလိုလုပ်နိုင်ဖို့ဆိုတာက မလွယ်ကူလှပါဘူး။ အာဆင်နယ်ဂိုးဧရိယာထိပ်နားကိုအရောက်မှာတော့ သူက ဘယ်ခြမ်းကနေ ပြေးတက်လာတဲ့ မာတင်နယ်လီဆီ ဘောလုံးပေးခဲ့ပြီး မာတင်နယ်လီကန်သွင်းလို့ ပြန်အံထွက်လာတာကို အိုဒီဂတ်က ပိတ်သွင်းယူခဲ့တာပါ။ ဒီသွင်းဂိုးမှာ ဂျီးဆပ်က အခရာကျခဲ့တာပါ။ အသင်းအတွက် build-up ကို သူက စတင်ခဲ့ပြီး solo run နဲ့ ထိုးဖောက်တယ်၊ တကယ်ပြီးပြည့်စုံတဲ့ dribble skill ကိုပါ မြင်တွေ့ခဲ့ရပြီး Passing ကိုလည်း ကောင်းကောင်းလုပ်ပေးနိုင်ခဲ့တယ်။ ပြောရမယ်ဆိုရင် ကစားသမားတဦးဆီမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးအကုန် သူ့မှာရှိနေတာကို တွေ့ခဲ့ရပြီး ဒါတွေကိုလည်း သူ ကောင်းကောင်းလုပ်ပြနိုင်တယ်ဆိုတာကိုပါ မြင်ခဲ့ရတာပါ။ ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက သူတို့ရဲ့ တိုက်စစ်မှူးဟောင်းအွန်နရီနဲ့ ခိုင်းနှိုင်းချီးကျူးခဲ့ပြီး ဂယ်ရီလိုင်နိကာဆိုရင် မက်ဆီနဲ့တောင် ခိုင်းနှိုင်းတဲ့အထိပါပဲ။ ဒီဘရာဇီးလ်သားရဲ့ အာဆင်နယ်မှာ နေ့ချင်းညချင်း တသွေးတမွေးဖြစ်လာတာ၊ အရေးပါအရာရောက်လာတာက သိပ်တော့အံ့ဩစရာမရှိပါဘူး။ ဂွာဒီယိုလာက နေရာမပေးနိုင်လို့သာ ရောင်းထုတ်ခဲ့တာဖြစ်ပြီး အရည်အသွေးရှိတယ်ဆိုတာကို ကောင်းကောင်းသိခဲ့ပါတယ်။ ဗဟိုတိုက်စစ်မှူးနေရာကို ထားကစားနေပေမယ့် သူက တိုက်စစ်နေရာစုံမှာ ကစားပေးနေတာပါ။ အာဆင်နယ်အတွက်တော့ ဂျီးဆပ်တယောက်တည်းနဲ့တင် ကစားသမားနှစ်ယောက်စာ အင်အားကိုရရှိလိုက်သလိုပါပဲ။ 



Why join sportsbooks , Games and Slots sites via TBOB ?

■ လစဥ် Bonus , မိတ်ဆက် Bounus များအား အလျင်းသင့်သလို ပေးခြင်း။

■ တစ်နေရာတည်းနှင့် အပြည့်စုံဆုံးသော ကစားနည်းမျိူးစုံ ဝန်ဆောင်မှုပေးခြင်း။

■ ယုံကြည်စိတ်ချရပြီး ကစားရလွယ်ကူအဆင်ပြေသော Website ကို ညွှန်းပေးခြင်း။

■ ငွေသွင်းငွေထုတ် မြန်ဆန်မှန်ကန်အောင် ပြုလုပ်ပေးခြင်း။

■ ကစားနေစဥ် ဖြစ်ပေါ်လာသော အငြင်းပွားဖွယ်ရာ ပြသနာများအား ဖြေရှင်းပေးခြင်း။

■ လုံးဝမကစားတတ်သေးပါက ကစားနည်းများကို သင်ကြားပြသပေးခြင်း။