top of page
  • Facebook
  • YouTube

Add a Title

ကျွန်​တော့်ကို ထွက်ခွင့်​ပေးပါ

" ကျနော့်အေးဂျင့်တွေ ဒီနှစ် ဖေဖော်ဝါရီမှကတည်းက အမ်ဒစတာဒမ်ကို ရောက်လာပြီး ကျနော် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်လို့ အသင်းကထွက်ချင်နေတယ်ဆိုတာကို သတင်းပို့ခဲ့ကြပါတယ်၊ ကလပ်အသင်းတချို့က ကျနော့်ကိုစိတ်ဝင်စားနေခဲ့ပြီးတော့ ကမ်းလှမ်းမှုတွေလည်းရောက်လာခဲ့ပါတယ်၊ ကြီးကျယ်ခမ်းနားတဲ့ကမ်းလှမ်းမှုတခုလည်း သေချာပေါက်ပါဝင်ပါတယ်" "ဇွန်လမှာတော့ ကျနော့်အားလပ်ရက်ခရီးစဉ်ကိုဖျက်သိမ်းပြီး အေဂျက်ဇ်မန်နေဂျာတွေ၊ နည်းပြသစ်တွေနဲ့တွေ့ဆုံပြီး ကျနော်ထွက်ချင်တယ်ဆိုတာကို ပြောခဲ့တယ်၊ သူတို့က ဖြစ်နိုင်သမျှစဉ်းစားပေးမယ်လို့ပြောတယ်၊ စျေးကွက်ထဲမှာလည်း ဆွေးနွေးမှုတွေဆက်လုပ်နေရပြီး အေဂျက်ဇ်က စာချုပ်သစ်အတွက် ကျနော့်ကိုကမ်းလှမ်းလာတယ်၊ ကျနော်ထွက်ချင်တယ်ဆိုတာကိုပဲ နောက်တခါထပ်ပြောခဲ့ပါတယ်" "ဒီနေ့မှာ အသင်းနဲ့ ဆွေးနွေးခဲ့ပါသေးတယ်၊ အရင်တုန်းကလည်း ကျနော်ထွက်ခွာချင်တာတွေကို ပြသခဲ့ဖူးပါတယ်၊ ဒီတကြိမ်တည်းမှာပဲ စားပွဲပေါ်က ကမ်းလှမ်းမှုတခုကို ကျနော်စိတ်ဝင်စားခဲ့တာပါ၊ တခြားကမ်းလှမ်းထားတာတွေလည်း ရှိနေပါတယ်၊ အေဂျက်ဇ်ကတော့ ကျနော့်နေရာအစားထိုးဖို့ ၅ ရက်ပဲလိုတော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆိုနေပါတယ်'  ကျနော်က စာချုပ်ဖျက်ပေးဖို့ပြောနေတာမဟုတ်ဘူး၊ ကျနော့်ကို နယ်သာလန်လိဂ်ရဲ့ စျေးအကြီးဆုံးကစားသမားအဖြစ်နဲ့ ရောင်းလိုက်ပါလို့ ပြောခဲ့တယ်၊ သူတို့အေးအေးဆေးဆေးနဲ့အသင်းကို ပြန်တည်ဆောက်နိုင်ဖို့ ဖေဖော်ဝါရီကတည်းက ပြောနေခဲ့တာပါ။ ကျနော်ပြောတာကို ပရိသတ်တွေနားထောင်ဖို့လိုပါတယ်၊ ပြီးတော့ နားလည်ပေးဖို့လည်း မျှော်လင့်ပါတယ်၊ မြင့်မားတဲ့အဆင့်တခုမှာ ကျနော်ကစားချင်တယ်၊ အေဂျက်ဇ်ကတော့ ကျနော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ၊ အေဂျက်ဇ်ပရိသတ်တွေနားလည်မယ်လို့လည်း မျှော်လင့်ပါတယ်၊ ဘောလုံးသမားတယောက်မှာ သေချာတဲ့အနာဂတ်ဆိုတာမရှိပါဘူး၊ အခွင့်အရေးကလည်း ထူးခြားနေခဲ့လို့ပါ။ - အန်တိုနီ (ဖာဘရီဇီယိုရိုမာနိုနဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှ)

Recent Posts

See All

စပါးနဲ့ပွဲမပြီးခင်မှာ ကွင်းထဲကထွက်သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ဒီပုံစံကို ရာသီကြိုခြေစမ်းပွဲတုန်းကလည်း သူ လုပ်ဖူးပါတယ်။ အခုတခေါက်ပါ ထပ်လုပ်တယ်ဆိုတာကတော့ တော်တော်လေးလွန်သွ

bottom of page