ချန်ပီယံလိဂ်ပွဲတွေကို ကြည့်ကြပါဆိုတာက အကြောင်းမဲ့ပြောတာမဟုတ်ပါဘူး။ ညက မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ သွင်းဂိုးလို ဂိုးမျိုးတွေကို အချိန်မရွေးမြင်တွေ့နိုင်တာကြောင့်ပါပဲ။ သွင်းလိုက်တဲ့ဂိုးကလည်း အနိုင်ဂိုးဖြစ်နေခဲ့သလို အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့တဲ့ သွင်းဂိုးမျိုးပါ။ ဂိုးသွင်းအပြီးမှာ ဟာလန်းက အောင်ပွဲမခံခဲ့ဘဲ
အသင်းဟောင်းကို လေးစားမှုပြသခဲ့ပြီး သူ့ရဲ့ သွင်းဂိုးမှာတော့ ကန်ဆယ်လိုရဲ့ ရင်သပ်ရှုမောစရာ ဖန်တီးပေးမှုကလည်း အဓိကကျခဲ့ပါတယ်။
ကန်ဆယ်လိုက သူ ဘောလုံးရလာချိန်မှာ စိတ်ကြိုက်ထိန်းထားပြီး ဧရိယာထဲမှာ နေရာလွတ်ရှာပါတယ်။ ဟာလန်းက body language နဲ့ သူ ပြေးထွက်မယ်ဆိုတာကို အချက်ပြခဲ့တဲ့နောက်မှာ တိကျသေသပ်တဲ့ ကန်တင်ချက်နဲ့ ဟာလန်းရဲ့ ပြေးလမ်းကြောင်းထဲ
ဘောလုံးကန်ထည့်ပေးခဲ့ပြီး ကွက်တိကို ရောက်ခဲ့တာပါ။ ဟာလန်းက အပိုအလိုမရှိရောက်လာတဲ့ ဘောလုံးကို လေထဲတချက်ခုန်ပြီး ဘောလုံးကို အလိုက်သင့်လမ်းကြောင်းပြောင်းပြီး ဂိုးသွင်းယူခဲ့ပါတယ်။
ဟာလန်းရဲ့ သွင်းဂိုးမှာ သူ့ရဲ့ ထွားကျိုင်းမှုအားသာချက်ကို အရယူခဲ့တာကို တွေ့ရမှာပါ။ ပြိုင်ဘက်က သူ့ကို ဝင်ကပ်လို့မရအောင် အဟန့်သဘောဖြစ်နေခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းနိုင်ခဲ့တာပါ။ ပိတ်သွင်းချက်ကတော့ အံ့အားသင့်စရာကောင်းအောင်
လှပပါတယ်။ ဘောလုံးကို လမ်းကြောင်းပြောင်းပေးတဲ့ ပုံစံနဲ့ အသာလေးပဲ ခြေထောက်နဲ့ထိန်းပေးလိုက်တာပါ။
အသင်းဖော်ရိုဒရီတယောက် မယုံကြည်နိုင်ခဲ့လို့ ခေါင်းပေါ်လက်တင်ပြီး အံ့အားသင့်ခဲ့ရတဲ့အထိပါပဲ။ အသင်းဟောင်းနဲ့အတွေ့မှာ ဟာလန်း ဘာလုပ်ပြမလဲစောင့်ကြည့်နေရတာက တန် သွားခဲ့ပါတယ်။ တဂိုးဆို တဂိုး ဆိုစမှတ်ပြုရလောက်အောင်ဖြစ်ခဲ့ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၃ ဂိုးအထိ ဟာလန်းက ရရှိသွားခဲ့ပါပြိ။ ဒေါ့မွန်ကို ၁-၀ နဲ့ မိနစ် ၈၀ အထိ
အရေးနိမ့်ခဲ့ပေမယ့် လက်ကျန်မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပြီး မန်စိးတီးတို့ အနိုင်ယူနိုင်ခဲ့ပါတယ်။