ဟွန်းဒူးရပ်စ်နဲ့ပွဲမှာ မက်ဆီသွင်းသွားတဲ့ အာဂျင်တီးနားအတွက် တတိယမြောက်ဂိုးကတော့ လက်လန်တယ်။ ဟွန်းဒူးရပ်စ်က သူတို့ကွင်းဘက်ခြမ်းမှာ အပေးအယူလုပ်နေတာကို အာဂျင်တီးနားကစားသမားတယောက်က press လိုက်လုပ်တယ်။ ဘောလုံးက
သူနဲ့ထိပြီးတော့ တိုက်စစ်ပိုင်းမှာ ရှိနေတဲ့ မက်ဆီ,ဆီကို တန်းရောက်သွားချိန်မှာ မက်ဆီက ပြေးထွက်လာပြီးတော့ တစက်လေးမှတောင် မတုံ့ဆိုင်းတော့ဘဲ ဂိုးပေါက်ထဲ လှမ်းကန်ထည့်တာ ဂိုးရှေ့ထွက်နေတဲ့ ဂိုးသမားပေါ်က ကျော်ပြီးတော့ ဝင်သွားတော့တပဲ။
တော်တော်လေးအဆင့်မြင့်သလို စက္ကန့်ပိုင်းအတွင်းမှာပဲ မက်ဆီလုပ်သွားတာက အရမ်းကြီးကို အထင်ကြီးဖို့ကောင်းလွန်းတယ်။ ဘောလုံးကို မထိန်းတော့ဘူး၊ တန်းကန်ဖို့ဆုံးဖြတ်တယ်၊ ထိချက်မှန်တယ်၊ ကန်ချက်တိကျတယ်၊ ဘာဆိုဘာမှကို အပြစ်ပြောစရာမရှိတဲ့
ကန်သွင်းချက်ပဲ။ မက်ဆီကို စောင့်ကြည့်ရတာ တန်တယ်ဆိုတာ ဒီလိုဂိုးတွေကြောင့်ပဲ။ Risk ယူပြီးတော့ ကန်သွင်းသွားတာက မယုံနိုင်လောက်အောင်ပဲ။
ဒီလိုပုံစံမျိုးလည်း ကစားသမားတချို့သွင်းနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အများစုက ဘောလုံးကို ငြိမ်အောင်ထိန်းပြီးမှ ကန်သွင်းတာမျိုး။ မက်ဆီကျတော့ ဘောလုံးရှိရာကို ပြေးသွားပြီးတော့ တန်းကန်သွားတာ။ အဲဒီအပိုင်းမှာကွာသွားတယ်။ ကန်သွင်းချက်ဗီဒီယိုကိုတော့
ဒီလင့်ခ်မှာကြည့်ပါ။ https://twitter.com/i/status/1573486458077323271
မက်ဆီက ပီအက်စ်ဂျီအတွက်လည်း ခြေစွမ်းပြနေပြီး အခု နိုင်ငံအသင်းမှာပါ ခြေစွာနေတာက ကမ္ဘာ့ဖလား

မှာ အာဂျင်တီးနားအတွက် မျှော်လင့်ချက်တွေ ပိုအားကောင်းလာပါတယ်။ မာရာဒိုနာခေတ်မှာ ရခဲ့တဲ့ တခုတည်းသော ကမ္ဘာ့ဖလားအောင်မြင်မှုကို
မက်ဆီခေတ်မှာ ရယူနိုင်ဖို့လည်း ပိုပြီးမျှော်လင့်ချင်စရာပါ။ လက်ရှိမှာ ဥရောပအသင်းကြီးတွေ ခြေစွမ်းကလည်း ကျဆင်းနေလို့ အာဂျင်တီးနားတို့၊ ဘရာဇီးလ်တို့အတွက် ပိုပြီးအားတက်စရာလည်းဖြစ်နေတာပါ။ မက်ဆီ အာဂျင်တီးနားအတွက် လုပ်ပေးနိုင်မလား
ဆိုတာကို စောင့်ကြည့်ရပါမယ်။