မန်ချက်စတာယူနိုက်တက်က ရီးရဲလ်ကွင်းလယ်လူ ကက်စ်မဲရိုးကို အခုလို ကမ်းလှမ်းချက်မျိုးတွေနဲ့ ကမ်းလှမ်းထားပါတယ်။
- ၅ နှစ်စာချုပ်
- တနှစ်လုပ် ယူရိုသန်း ၂၀ - ၂၂သန်း နဲ့ အပိုဆုကြေး
- ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀-၈၀
- ပွဲထွက်ကစားခွင့် အာမခံချက်
လက်ရှိမှာ ကက်စ်မဲရိုးက တနှစ်လုပ်ခ ယူရို ၁၀ သန်းရရှိနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ သူတို့ကစားသမားကိုမရောင်းချချင်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ဆန္ဒကသာ အဓိကကျနေတယ်လို့ Ramon Alvarez က
ဖော်ပြထားပါတယ်။ တကယ်လို့ ကစားသမားက ပြောင်းရွှေ့မယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိပါတယ်။ ကက်စ်မဲရိုးဘက်က စဉ်းစားစရာကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုအများအပြားရယူခဲ့ပြီးတာ၊
အသင်းသစ်မှာ လစာ ၂ ဆ ရရှိမှာ၊ စိန်ခေါ်မှုအသစ်တွေကို လိဂ်အသစ်မှာ ရင်ဆိုင်ရမှာတွေက ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ဖို့ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေအဖြစ်ရှိနေပါတယ်။
ရီးရဲလ်ပရိသတ်တွေကတော့ သူတို့ရဲ့အားထားရတဲ့ ကွင်းလယ်ခံစစ်ကစားသမားကို ဇာဘီအလွန်ဆိုတုန်းကလို ဖြစ်လာမှာတွေးပူနေပါတယ်။ အလွန်ဆိုက လီဗာပူးလ်က ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဘာနေဗျူးမှာ ခြေစွမ်းပြခဲ့တဲ့ စပိန်သားပါ။
၃ ရာသီကြာကစားပြီးနောက် ဘိုင်ယန်ကို ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းထပ်ပြခဲ့ပါတယ်။ အလွန်ဆို ခြေစွမ်းကောင်းနေချိန်မှာ လက်လွှတ်လိုက်တဲ့ ပုံစံမျိုးကို သူတို့တွေ ထပ်မြင်ရမှာကို တွေးပူနေတာပါ။ ကက်စ်မဲရိုးက အသက် ၃၀ အရွယ်ပဲရှိသေးပြီး
DM Role မှာ သူဘယ်လောက်ကောင်းလဲဆိုတာ အားလုံးအမြင်ပါပဲ။
ရီးရဲလ်ခံစစ်တတန်းလုံးကို သူက ရှေ့ကနေ ကာကွယ်ပေးထားတာဖြစ်ပြီး ပြိုင်ဘက်အသင်း တိုက်စစ်လမ်းကြောင်းမှန်သမျှကို ဖြတ်တောက်နိုင်စွမ်းရှိသူပါ။ သူ့ဆီကနေလည်း တိုက်စစ်လမ်းကြောင်းပြန်စနိုင်ပြီး လိုအပ်လာရင် ဂိုးရှေ့ထိတက်ပြိး ဂိုးသွင်းပေး
နိုင်စွမ်းလည်းရှိပါတယ်။ သန်မာတယ်၊ လုပ်ရဲကိုင်ရဲတယ်၊ ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်ကစားသမားတွေ နောက်ကိုပြန်လှည့်မကြည့်ရလေအောင် သူက ခံစစ်တန်းတခုလုံးကို လွှမ်းမိုးပေးထားနိုင်သူပါ။ ဒီလိုကစားသမားမျိုးကို ရီးရဲလ်တို့ အစားထိုးဖို့
ဆိုတာက မလွယ်ပါဘူး။ ဒါကြောင့်လည်း ပရိသတ်တွေက အလန်ဆိုကို ဆုံးရှုံးရတုန်းကလို ဖြစ်လာမှာကို စိုးရိမ်နေတာပါ။
ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ကလည်း ကစားသမားပေါ်ပဲမူတည်နေပါတယ်။ ယူနိုက်တက်ဘက်က ကမ်းလှမ်းထားတာက မက်မောဖွယ်ရာကောင်းနေပြီး ရီးရဲလ်နဲ့အတူ အောင်မြင်မှုရယူဖို့ ဘာမှမရှိသလောက်ဖြစ်နေတဲ့ ကက်စ်မဲရိုးက အတွေ့အကြုံအသစ်အဆန်းတွေကို
မြည်းစမ်းချင်စိတ်တော့ဖြစ်နေမှာပါပဲ။ အခုတောင်မှ သူက တွေဝေမှုတွေရှိနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။