top of page
  • Facebook
  • YouTube

Add a Title

ကက်စ်မဲရိုးကို တကယ်​ခေါ်ယူနိုင်ခဲ့ပြီ

မန်ချက်စတာယူနိုက်တက်ကတော့ ကက်စ်မဲရိုးကို ခေါ်ယူနိုင်ပြီလို့ ပြောဆိုနိုင်ခဲ့ပါပြီ။ တရားဝင်သဘောတူညီချက်ရရှိဖို့သာ လိုအပ်တော့ပြီး လက်ရှိအခြေအနေအရ ဘရာဇီးလ်သားက သူတို့ကစားသမားဖြစ်လာတော့မယ်ဆိုတာက ရာနှုန်းပြည့်ပါပဲ။ ကစားသမား ကိုယ်တိုင်က ယူနိုက်တက်ကို ပြေင်းရွှေ့ချင်တယ်လို့ အသိပေးထားပြီးဖြစ်သလို တဖက်မှာလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက ရီးရဲလ်အတွက် ငြင်းဆန်နိုင်စရာမရှိလို့ ဒီအပြောင်းအရွှေ့က သေချာပေါက်ဖြစ်လာနိုင်ပါတယ်။ စိတ်ချရတဲ့သတင်းဌာနတွေ၊ သတင်းထောက်တွေကလည်း ကက်စ်မဲရိုးက ယူနိုက်တက်ကစားသမားဖြစ်လာတော့မယ်ဆိုတာကိုသာ ညွှန်းဆိုနေကြတာပါ။ ဒီအပြောင်းအရွှေ့က လက်ရှိမှာ စျေးကွက်ထဲ အလွှမ်းမိုးနိုင်ဆုံးဖြစ်ပြီး အခြားသောအပြောင်းအရွှေ့သတင်းတွေကိုတောင်မှ မှေးမှိန်နေစေပါတယ်။ ဘယ်သူမှ ထင်မထားတဲ့ လှုပ်ရှားမှုတခုဖြစ်လာမို့လို့လည်း ဆိုနိုင်သလို ကက်စ်မဲရိုးဘက်က အလွယ်တကူလက်ခံခဲ့တာကလည်း မယုံနိုင်စရာပါ။ သေချာတာကတော့ သူက သေချာပေါက်ယူနိုက်တက်ကစားသမားဖြစ်လာတော့မယ်ဆိုတာပါပဲ။ လာမယ့် ၄၈ နာရီအတွင်းမှ ဆေးစစ်ဖို့အထိ ယူနိုက်တက်က ပြင်ဆင်ထားပြီး လီဗာပူးလ်နဲ့ပွဲကိုတောင် ဝင်ကစားခိုင်းဖို့အတွက် ရည်ရွယ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဗီဇာကိစ္စ၊ အလုပ်ပါမစ်ကိစ္စတွေကြောင့် နှောင့်နှေးဖွယ်ရှိနေပြီး ဒီတပတ်မှာတော့ သူ ကစားရတာကို မြင်တွေ့ရနိုင်ချေက နည်းပါးသွားပါပြီ။ ရီးရဲလ်ပရိသတ်တွေကတော့ သူတို့ကစားသမားထွက်ခွာမယ့်အပေါ်မှာ စိတ်မကောင်းဖြစ်နေကြပါတယ်။ ကက်စ်မဲရိုးကို နှုတ်ဆက်စကားဆိုခဲ့ကြသလို ဝမ်းနည်းကြောင်းလည်း ပြောဆိုနေကြပါတယ်။ သူတို့ကိုယ်တိုင်က ကက်စ်မဲရိုးထွက်ခွာတော့မယ်ဆိုတာကို လက်ခံလိုက်တဲ့သဘောပါပဲ။ ဘယ်အချိန်မှာ သဘောတူညီချက်ရရှိပြီဆိုတာကို အပြီးသတ်ကြေညာမှာကိုပဲ စောင့်ဆိုင်းရတော့မှာပါ။ 



bottom of page